သတို့သမီးမိတ်ကပ်ကို ဆိုင်မှာ ပြင်မယ်ဆိုရင် ကြိုသတိထားရမယ့်အချက်များ

by: Phyo Pyae Thu
 0 comments  0 love

မိတ်ကပ်ပြင်ဆင်မှုမှာ အရေးအကြီးဆုံးက အချိန်ပါပဲ။ နောက်ကျရင် နောက်ကျသလိုမိတ်ကပ်ပဲ ရနိုင်မှာမို့ အချိန်ကို အဓိက ဦးစားပေးရပါမယ်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်အတွက် မိတ်ကပ်ရွေးချယ်တဲ့အခါမှာ မိတ်ကပ်ဆရာကို သေချာရွေးချယ်ကြသလို နောက်ထပ် ရွေးချယ်စရာ တစ်ခုလည်း ထပ်ရှိပါသေးတယ်နော်။ အဲဒါကတော့ မိတ်ကပ်ကို ဟိုတယ်ခန်းမမှာ ပြင်မလား၊ မိတ်ကပ်ဆရာရဲ့ ဆိုင်မှာ ပြင်မလားဆိုတာပါပဲ။ အကယ်လို့ သတို့သမီးမိတ်ကပ်ကို ဆိုင်မှာ ပြင်မယ်ဆိုရင်သိထားရမှာတွေ ပြောပြမယ်နော်။

ဆိုင်မှာပြင်မယ်ဆိုရင်  (Photo: cosmopolitan.com)

အချိန်

မိတ်ကပ်ပြင်ဆင်မှုမှာ အရေးအကြီးဆုံးက အချိန်ပါပဲ။ နောက်ကျရင် နောက်ကျသလိုမိတ်ကပ်ပဲ ရနိုင်မှာမို့ အချိန်ကို အဓိက ဦးစားပေးရပါမယ်။ ဆိုင်နေရာက ကိုယ့်အိမ်နဲ့ နီးလား၊ ဝေးလား၊ ဆိုင်နဲ့ မင်္ဂလာခန်းမကရော နီးလား၊ ဝေးလားဆိုတာ ထည့်တွေးပါ။ နောက်ပြီး သတို့သားလေးလည်း ပြင်ရမှာဆိုတော့ သတို့သားကရော ကိုယ့်ဆီကနေ တဆင့် သွားမှာလား အစရှိသလို အသွားရော အပြန်လမ်းကြောင်းအတွက်ပါ ထည့်စဉ်းစားပါ။

ပစ္စည်းတွေ

မိတ်ကပ်ဆရာဆီမှာ သွားပြင်တော့မယ်ဆိုရင် ပစ္စည်းတွေ တစ်ခုမှ မကျန်အောင် ထည့်ဖို့ လိုပါတယ်။ အိမ်ကနေ စထွက်ပြီဆိုတာနဲ့ သေချာစစ်ပါ။ မိတ်ကပ်ဆရာဆီမှာ ဝတ်ရမယ့် အဝတ်အစား၊ ဖိနပ်၊ Accessories တွေရောပေါ့။ တစ်ခုမှ မကျန်အောင် စာရင်းချမှတ်ပြီး ထည့်သွားပါ။

အချိန်  (Photo: cosmopolitan.com)

ဝတ်စုံ

ဝတ်စုံက မိတ်ကပ်ဆရာက ဝတ်ပေးမှာလားဆိုတာ သေချာမေးထားဖို့ လိုပါတယ်နော်။ ဝတ်စုံက ထိုင်မသိမ်း၊ တောင်ရှည်ပုဆိုးတွေ ဖြစ်တဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့ မိတ်ကပ်ဆရာက ဝတ်ပေးမှာလား။ သေချာသိနေပါစေနော်။ ခန်းမ ဟိုတယ်ရောက်မှ ဝတ်ရမှာလား။ မဝတ်ပေးဘူးဆိုရင် ဘယ်လိုစီစဉ်ရမလဲဆိုတာ အကူအညီတောင်းပြီး မေးပါ။ ထိုင်မသိမ်း ဝတ်စုံငှားတဲ့ဆီက လိုက်ဝတ်ပေးမှာလားပေါ့။

အလှဓါတ်ပုံ

ဆိုင်မှာ ပြင်မယ်ဆိုရင်တော့ ခန်းမ၊ဟိုတယ်တွေလိုမျိုး အလှဓါတ်ပုံတွေ ရဖို့တော့ အရမ်းမျှော်လင့်လို့ မရပါဘူးနော်။ ဆိုင်ဆိုတာက ပစ္စည်းတွေနဲ့ဆိုတော့ လုံးဝရှင်းလင်းနေမှာ မဟုတ်ဘူးလေ။ နောက်ပြီး ကိုယ့်ဓါတ်ပုံဆရာကိုလည်း ခေါ်သွားဖို့မှ အဆင်မပြေတာလေနော်။ ဖုန်းကင်မရာ ကောင်းကောင်းလေးတော့ ဆောင်သွားပါ။

အလှဓါတ်ပုံ (Photo: cosmopolitan.com)

အဖော်ခေါ်သွားပါ

မိတ်ကပ်ဆရာဆီ သွားပြင်တဲ့အခါမှာလည်း ကိုယ့်ကို သေချာ အဖော်လုပ်ပေးမယ့်သူ တစ်ယောက်လောက် ခေါ်သွားပါ။ ဥပမာ- ဝတ်စုံဝတ်ရင် ကူပေးတာမျိုး၊ ကိုယ့်အင်္ကျီသိမ်းတဲ့အခါ ကူပေးတာမျိုး အစရှိသလိုလေးတွေ ကူလုပ်ပေးဖို့ လူလိုတာမို့ အဖော်ခေါ်သွားပါနော်။

သတို့သမီးလောင်းလေးတို့ သတို့သမီးမိတ်ကပ်ကို မိတ်ကပ်ဆရာရဲ့ ဆိုင်မှာ ပြင်မယ်ဆိုရင် ဒီအချက်တွေ သိထားပေးနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords