Advertisement

စိတ်ကြိုက်အသေးစိတ် စီစဉ်ခဲ့တဲ့ ပွဲလေးရဲ့ service providerတွေ အကုန်အဆင်ပြေတာမို့ သေချာကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်လေး ပွဲကျင်းပနိုင်ခဲ့ပါတယ်ရှင်။

Marry က ပရိသတ်ကြီးတို့ရေ မင်္ဂလာပွဲကြီး မကျင်းပခင်မှာ နှစ်ဖက်မိဘတွေနဲ့ စေ့စပ်ပွဲလေး ကျင်းပလေ့ရှိကြတယ်မလား။ မင်္ဂလာပွဲကြီး မကျင်းပခင်မှာ စေ့စပ်ပွဲလေး လုပ်မယ်ဆိုရင်တော့ သူနဲ့သက်ဆိုင်တဲ့ စီစဉ်ပုံတွေကို သိထားသင့်တယ်နော်။ ဒီတစ်ခါမှာတော့ ဒေါက်တာအောင်မြတ်သူနဲ့ မမြတ်ခြူးခြူးတို့က သူတို့ရဲ့  Engagement အကြောင်းလေး ပြောပြထားပါတယ်။ ဘယ်လိုတွေ စီစဉ်ထားလဲဆိုတာ လေ့လာကြည့်ရအောင်နော်။

စေ့စပ်ပွဲနေရာ

စေ့စပ်ပွဲအတွက် Seeds restaurant & lounge ကို ရွေးချယ်ခဲ့တယ်။ Outdoor လေး လုပ်ချင်တာနဲ့ ရွေးဖြစ်သွားတာ။ အစားအသောက်နေရာ အကုန်လုံး အဆင်ပြေပါတယ်။ မပြေတဲ့တစ်ခုကတော့ follow up အရမ်းအားနည်းပါတယ်။  saleပိုင်းက လူတွေ အချိတ်အဆက်အားနည်းလို့ပဲလား မသိ တခါဖုန်းဆက်တိုင်း အစကနေအဆုံး ပြန်ပြောရပါတယ်။ ဖုန်းပြန်ဆက်မယ်ပြောလဲ ကိုယ်ကပဲ ပြန်ဆက်ရတယ်။ ပွဲမတိုင်ခင်တရက်တော့ ကိုယ်တိုင်ထပ်သွားပြီး sale manager အကို နဲ့ သေချာထပ်ပြောမှ အကုန်အဆင်ပြေပါတော့တယ်။  ဖြစ်ချင်တာလေးတွေလဲ သေချာညှိပြီး လုပ်ပေး, ပွဲနေ့မှာလဲ သေချာ serveလုပ်ပေးပါတယ်။ တယောက်ကို (၂၅) ဒေါ်လာ နဲ့ event fee ဒေါ်လာ(၂၀၀) ပါ။ optional feesတချို့လဲ ရှိပါတယ်။ ကုန်ကျစရိတ်ကတော့  လူ (၃၀)နီးပါးစာအတွက် ဒေါ်လာ(၁၀၀၀) ဝန်းကျင် ကျသင့်ပါတယ်။

မိတ်ကပ်

မိတ်ကပ်ကတော့ Kyaw Ye’ Tun (Ye’ Ye’) ပါ။ ပွဲက (၈) နာရီ စမှာမို့ ရဲရဲက မနက် (၅) နာရီခွဲကတည်း ပြင်ဖို့ပြောပေမယ့် Seeds restaurant & lounge ဘက်က (၆)နာရီမှ ဖွင့်မှာမို့ မိတ်ကပ်ဆရာကို (၆) နာရီ ပြန်ချိန်းရပါတယ်။ လုံးဝနောက်မကျတဲ့အပြင် ကိုယ့်ထက်တောင် စောပြီး ရောက်နေတာပါ။ လိမ်းတာလည်း အာရုံမများပဲ သေချာလိမ်းပေးပါတယ်။ ဆံပင်လည်း ရဲရဲဆီကပဲ ယူတာပါ။ ဆံပင်က ခါးထိရှည်တာမို့ ဆံပင်အစစ်ကိုပဲ ဆံထုံးထုံးဖြစ်ပါတယ်။ စိတ်တိုင်းလဲကျပါတယ်။ ကျွန်မက မျက်လုံးမှေး မျက်ရစ်မရှိ တော်တော်မလှတာတောင် ရုပ်လေး နည်းနည်းထွက်လာအောင် လိမ်းပေးနိုင်ပါတယ်နော်။ အမေအတွက်လည်း ရဲရဲ teamကိုပဲ အပ်တာပါ။ (၂ )ယောက်လုံး မိတ်ကပ်အတွက် အရမ်းကျေနပ်မှုရှိတာပါ။ေ ဈေးနှုန်းအနေနဲ့လည်း များတယ်လို့ လုံးဝမဆိုသာတဲ့ ဈေးပါ။ နောက်ပွဲတွေလည်း ရဲရဲနဲ့ပဲ လိမ်းဖြစ်ဖို့များပါတယ်။

ဝတ်စုံ

အရောင်– အရောင်ရွေးတာာကတော့ တော်တော်များများက ‘color of the year’ မင်္ဂလာအရောင် စသဖြင့် စဉ်းစားကြပေမဲ့ ကိုယ်ကတော့ ကိုယ်ကြိုက်တဲ့အရောင်, ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်။ လှတယ်ဆိုတဲ့ အရောင်ကိုပဲ ရွေးဖြစ်တယ်။ ကိုယ်ရွေးတဲ့အရောင်က ဝတ်နေကျ မင်္ဂလာအရောင်တွေထဲမှာတော့ မပါပေမယ့် ကြိုက်လို့ ရွေးဝတ်ဖြစ်တာပါ ။ အရောင် အမှိုင်းပေမယ့်ဓာတ်ပုံထဲမှာ အရောင်စိုပြီး လှလှလေးထွက်လာခဲ့လို့ ကိုယ်ရွေးခဲ့တဲ့ အရောင်အတွက်ကတော့ ကျေနပ်မဆုံးပါပဲ။

ချိတ်– ပိုးစစ်ချိတ်နဲ့ ပိုးပုဆိုးလေးက မိုးထိနန်းတော်က ဝယ်တာပါနော်.. ရွေးစရာတော်တော်စုံစုံလင်လင် ရှိပြီး ဆက်ဆံရေးလဲ အရမ်းကောင်းပါတယ်။ လုံခြည်မှာတော့ ပိုးချိတ်မို့ အမြိတ်စင်းပါပေမဲ့ အမြိတ်တွေထည့်ရတာ မကြိုက်တာမို့ မထည့်တော့ပဲ ပတ်လုံခြည်လေးပဲ ချုပ်ထားတာပါ။ သတို့သားလောင်းနဲ့ ဖေဖေ့အတွက် တိုက်ပုံကတော့ တော်ဝင်လွန်းမှာ အပ်ပေးတာပါ။ ဂုဏ် တိုက်ပုံလေးပါ။ သူ့ဆီမှာ ရွေးစရာအရောင်တွေ ပိတ်စတွေ ရှိပေမယ့် ကိုယ်လိုချင်တဲ့ အရောင်လေးမရှိတာမို့ ပိတ်စဝယ်ပေးပြီး အပ်ဖြစ်တယ်။  ရက်ချိန်းက (၂ )ပတ်ပဲ။ ရက်ချိန်းလည်း မှန်ပါတယ်။

ဒီဇိုင်း-   ကျွန်မကိုယ်တိုင်က designerမို့ ဝတ်စုံလေးကို ကျွန်မကိုယ်တိုင်ပဲ စိတ်ကြိုက်design စဉ်းစားပြီး ဖန်တီးဖြစ်ခဲ့တာပါ။  ဒီဇိုင်းကတော့ ကိုယ်ကအမြဲ ရိုးရိုးရှင်းရှင်းပဲကြိုက်တယ်။ ဒါပေမယ့် ရိုးပေမယ့် ဆန်းနေတာမျိုးလေးပေါ့ ။  အဲ့တော့ drapingလေး လုပ်ဖြစ်တယ်။ ရှေ့ဘက်ကိုတော့ ရိုးရိုးရှင်းရှင်းလေးပဲ ။နောက်ကျောဘက်ကိုတော့ crystalလေးတွေနဲ့ drapingကို ယပ်တောင် shape စုစုလေးတွေ လုပ်လိုက်တယ်။ ဒီလောက်လုပ်ရင်တောင် ကိုယ့်အတွက်က တော်တော်ဆန်းနေပြီမို့ ပုဝါကိုတော့ ဗြောင်ပုဝါလေးပဲ ချုပ်ဖြစ်တယ်။

ပန်းအပြင်အဆင်

ပွဲမတိုင်ခင် (၁)လလောက်အလိုကတည်းက အဓိက ကိုယ်လိုချင်တာလေးတွေပဲ ပြောပြီး ကျန်တာ အမ Idea အတိုင်းပဲ အပ်ခဲ့တာပါ။ ပွဲမတိုင်ခင် တရက်က မိုးတွေ အရမ်းရွာလို့ outdoor အစား Indoor တော့ ပြောင်းလိုက်ရတာလေးကလွဲရင် ကျန်တာ အကုန် အဆင်ပြေပါတယ်။ Glamour event planner နဲ့ အပ်ခဲ့တာပါ။

ဓါတ်ပုံ

ဓါတ်ပုံ ကတော့  Lwin htet photography နဲ့ပါ။  ရိုက်ပေးတဲ့ အကိုရော teamရောက အရမ်းစိတ်ရှည် သဘောကောင်းပါ။ ဓာတ်ပုံရိုက်ရင် မရယ်တတ်၊ ရုပ်တည်တဲ့ ကိုယ့်ကိုတောင် ပုံထဲမှာ အရီတလိုင်းရုပ်ဖြစ်အောင် ရိုက်ပေးနိုင်ပါတယ်နော်။  ပြင်ပေးတဲ့ photo colorလေးတွေလဲ အရမ်းလှလို့ အရမ်းသဘောကျရပါတယ်။ ပွဲနေ့ညမှာပဲ ဓာတ်ပုံတချို့ ပို့ပေးတဲ့အပြင် (၁ )ပတ်မပြည့်ခင်ပဲ ကျန်တဲ့ပုံလေးတွေ အကုန်ပေးပါတယ်။ retouched photo လဲ ပုံ (၁၀၀) ပေးပါတယ်။  ဓာတ်ပုံအတွက်လည်း စိတ်ကျေနပ်မှုအပြည့်ပါ။

ချစ်သူသက်တမ်းနဲ့ အချစ်အကြောင်း

အမတို့က အထက်တန်းကတည်းက သူငယ်ချင်းပါ။ ပြောရရင် အချစ်ဦးတွေပေါ့နော် ။ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်ခဲ့ပြီးမှ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကမှ ပြန်အဆက်အသွယ်ရခဲ့ပြီး ပြန်တွဲခဲ့ကြတာပါ။အတူပြန်ရှိဖြစ်တာ (၃ ) နှစ်လောက်ပဲ ဆိုပေမယ့် တယောက်အကြောင်း တယောက်သိနေပြီးသားဖြစ်တာရော။ သူ့ဘက်ကိုယ့်ဘက် သေချာပြီဆိုတဲ့ ခံစားချက်ရှိတာရောကြောင့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ။ အဲ့ဒါကြောင့် ဒီ ၂၀၁၉  Octမှာ ၂ဖက်မိဘအသိပေး စေ့စပ်ပွဲလေး ကျင်းပဖြစ်ခဲ့ပြီး မင်္ဂလာပွဲကတော့ နောက်နှစ်ထဲမှာ ပြုလုပ်မှာပါ။

Event planner မသုံးဘဲ ကိုယ့်စိတ်ကြိုက် အကုန်အသေးစိတ် စီစဉ်ခဲ့တဲ့ ပွဲလေးရဲ့ service providerတွေ အကုန်အဆင်ပြေတာမို့ သေချာကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်လေး ပွဲကျင်းပနိုင်ခဲ့ပါတယ်ရှင်။

Rating
မိတ်ကပ်- (5 Stars *****)

Comments

0 comments