စတူဒီယို (၄) ခုမှာ Pre wedding ရိုက်ခဲ့တဲ့ ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်တို့ရဲ့ Honest Review

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာဆောင်ဖို့ စီစဉ်ကြပြီဆိုရင် Pre wedding က မပါမဖြစ်ဘဲမလားနော်။ Pre wedding ရိုက်ဖို့တွေးလိုက်ရင်လည်း စဉ်းစားစရာ ရွေးချယ်စရာတွေက အရမ်းကို များတယ်လေ။ ဒီတော့ ဘယ်ဟာက ကိုယ်နဲ့ အကောင်းဆုံးဖြစ်မလဲ၊ အဆင်အပြေဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ Honest Review လေးတွေ လိုပါတယ်။ ဒီတော့ စတူဒီယို (၄) ခုမှာ ရိုက်ခဲ့တဲ့ ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်တို့ရဲ့ Honest Reviewလေးကို ဖတ်ကြည့်ရအောင်နော်။

Pre – Wedding Photo ကိုမထင်မှတ်ဘဲ ဆိုင် ( ၄) ဆိုင်ရိုက်ဖြစ်ခဲ့တယ်။

(၁) My Dear Wedding

(၂) My Wedding Dream Event Planner

(၃) My Dream

(၄) Aroma Zulu Wedding Studio

My Dear Wedding

 

 

My Dear Wedding နဲ့ ကတော့ Pre wedding လိုမျိုး ဂါဝန်ကြီးတွေနဲ့ မဟုတ်ဘူး Couple goals ပုံစံလေး ရွေးရိုက်ဖြစ်ခဲ့တယ်။ နှစ်ယောက်စလုံးက အင်ဂျင်နီယာတွေဆိုတော့ အဲဒီပုံစံလေးပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ နေရာကတော့ သန်လျင်နည်းပညာတက္ကသိုလ်မှာပါ။ မိတ်ကပ်ကတော့ Calvin Wai Yan ပါ။ ရိုက်ပေးတာကတော့ My Dear က ကိုသားနောင်ပါ။ သတို့သမီးလေး ဂျီကျသမျှကို မငြီးမညူ လိုက်ရိုက်ပေးတာမို့ အကုန်လုံး (5 Stars) ပါပဲ။

My Wedding Dream

Rose Garden Hotel မှာမင်္ဂလာပွဲကျင်းပဖို့ စရံချတော့ My Wedding Dream Event Planner နဲ့ Outdoor (၁ ) စုံရိုက်ဖို့ မဲပေါက်တယ်လို့ Hotel ကအကြောင်းကြားတော့ အရမ်းပျော်ခဲ့ရပါတယ်။ အပြင်လူရိုက်ခွင့်မပေးဘဲ ကျွန်တော်တို့ Hotel မှာဆောင်သောစုံတွဲတွေ Hotel မှာစိတ်ကြိုက်ရိုက်နိုင်တယ်ဆိုတော့ OutDoor Location ကို Rose Garden Hotel နှင့် နောက်ထပ် Dress ( ၂ ) စုံကိုလည်းMy Wedding Dream Event Planner နဲ့ပဲ ရွှေတိဂုံဘုရားသိဂုင်္တရ ပန်းခြံတွေမှာ Outdoor ရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။Pre – Wedding ကို Myanmar Traditional Wedding Dress တွေနဲ့ ရိုက်ဖို့ အခွင့်အရေးရပြီးသားမို့ ကိုယ်တွေ ( ၂ )ယောက်ရဲ့ Life ဖြစ်တဲ့ Engineering Student Life ကို My Dear Wedding Studio နှင့် Couple Goal လေးရိုက်ဖြစ်ခဲ့တယ်။ Couple Goal ကို 20.01.2019 မှာအရင်ရိုက်ခဲ့တာပါ။ Pre – Wedding Outdoor ကိုတော့ မိုးမကျခင် (၅) လပိုင်းမှာရိုက်ဖြစ်ပါတယ် ။ My Wedding Dream Event Planner မှာ ၀တ်စုံရွေးချယ်စရာအများကြီးမရှိပေမယ့် ၀တ်စုံရွေးချယ်တဲ့နေရာမှာ အစအဆုံးကူညီပေးခဲ့တဲ့ ညီမလေး Shwe Yamone Oo အရမ်းစိတ်ရှည်တယ် စေ့စပ်သေချာသောသတို့သမီးအဒေါ် ၊ ဂျီးများတဲ့ သတို့သားနှင့် သတို့သမီးစိတ်ကြိုက်တွေအကုန်မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့တယ်။ MUA – Phyo Ko Ko Han ( အသက်ငယ်ပြီး အရမ်းစိတ်ရှည်ပါတယ် ) ခေတ်ဆန်ပြီး သတို့သမီးစိတ်ကြိုက် အလှဆုံးပြင်ဆင်ပေးခဲ့တယ် Photographer – ကိုကောင်းနဲ့အဖွဲ့ ( စိတ်ကူးစိတ်သန်းတအားကောင်းကြပါတယ် ) ဘုရားကိုနောက်ကျမှရောက်တာတောင်စိတ်မဆိုးဘူး ဘေးကနေ ပုဝါကိုင်ပေးတဲ့ မောင်လေးညီမလေးတွေကလည်း ဖုန်းနဲ့ရိုက်ပေးတယ်။ မျက်နှာမညှိုးရအောင်ဂရုစိုက်ပေးတယ်။ My Wedding Dream Event Planner အစစအဆင်ပြေဖို့ ကျေးဇူးအထူးတင်ပါတယ်။

My Wedding Dream နဲ့ Outdoor ရိုက်တဲ့နေ့ကတော့ တကယ်အမှတ်ရစရာပါ။ သတို့သားအမေ ၊ အမ သတို့သမီးအဒေါ်အကုန်လုံး (၅) ဆင့်ချိုင့်နဲ့ ထမင်းချက်ပြီး ဘေးကလိုက်ပေးကြလို့ ဒီသတို့သား ၊ သတို့သမီး အရမ်ပျော်ခဲ့ရပါတယ်။ မိသားစု ဓာတ်ပုံတောင် Photographer ကရိုက်ပေးလို့ရခဲ့တယ်။ ဘုရားနှင့်ပန်းခြံပြီးတော့ နောက်ဆုံးRose Garden Hotel မှာ ရိုက်တာ Pre – Wedding လာရိုက်ပေမယ့် make up room ပေးတယ်။Service ကတော့ အရမ်းကောင်းပါတယ်။ ပွဲအတွက် တာဝန်ခံညီမလေး Myint Zu အရမ်းတာဝန်ကျေပါတယ်။  ပွဲကျင်းပမယ့်နေ့မှာ သူ့အလုပ်ပြီးပြီး Oversea သွားဖို့ပြင်နေတော့ အခြားတာဝန်ခံကလးတယောက်နဲ့သေချာအပ်ပေးပါတယ်။ အဆင်ပြေပါ့မလားစိတ်အပူနဲ့ Food tasting လုပ်ပွဲအတွက် လိုတာတွေဆွေးနွေးပြီး အရေအတွက်သေချာရှင်းပြတဲ့မောင်လေး Phone Min Khant ကြာင့်အရမ်းအဆင်ပြေပါတယ်။ ပွဲမရောက်သေးပေမယ့် စိတ်ချမ်းသာတယ်။

 My Dream

My Dreamနဲ့ ရိုက်ဖြစ်ရတဲ့ အကြောင်းအရင်းက Indoor ဘိသိက်ပုံ မရှိတာရယ်။ Novotel မှာကျင်းပတဲ့ Marry Myanmar ( ရိုးမြေကျ မင်းနဲ့အတူ ) Wedding Fair မှာ Register လုပ်တာ စုံတွဲ (၅၀) Free ရိုက်ခွင့်ရတာရယ်ပေါင်းပြီး My Dream မှာ Indoor ရိုက်ဖို့အပ်ဖြစ်ခဲ့တယ်။ MUA – Chaw Chaw အရမ်းအဆင်ပြေတယ် ကိုယ်လိုချင်တာကို မဖြစ်ဖြစ်အောင်လုပ်ပေးသော ညီမလေး ၊ သတို့သားကိုလည်း သေချာပြင်ပေးတယ်။ Photographer – ကိုရွှေ ၊ မောင်လေး ကိုစိုင်းနေ့လည်စာထမင်းကျွေးတယ်။ My Dream ဆိုတဲ့ အတိုင်း ၀တ်စုံတွေ သန့်ရှင်းသပ်ရပ်ပြီး အထားအသို အရမ်းကောင်းတယ်။ Indoor ဆိုတော့စိတ်ကြိုက် သက်တောင့် သက်သာလေးရိုက်လို့ရတယ်။ ပုံတွေအကုန်လှပြီး ရွေးချယ်ရခက်လို့ အကုန်ဝယ်လိုက်ရတယ်။ Photo – 40 Nos – Crystal album Studio Show – 2 Songs Fame – 2 Nos ရပါတယ်။

Aroma Zulu Wedding Studio

 

Aroma Zulu Wedding Studio Rose Garden Hotel တွင် မင်္ဂလာဆောင်သောစုံတွဲတွေသာရိုက်ခွင့်ရှိတဲ့ 98000 တန် Coupon ကိုသူငယ်ချင်းညီမလေးက လက်ဆောင်ပေးတဲ့အတွက် ရိုက်ဖြစ်တာပါ။ (၁) စုံ Package ဖြစ်နေလို့ Gandamar whole sale မှာ 198000 တန်(၂+၂) package ကိုယူပြီး (၅) စုံရိုက်ဖြစ်တာပါ။ Budget ချိန်သောစုံတွဲတွေအတွက် Aroma ကိုပြောစရာမလိုအောင် အဆင်ပြေပါလိမ့်မယ်။ Indoor ကို aircon အေးစိမ့်စိမ့်လေးနဲ့ ရိုက်ရပါမယ်။ ၀တ်စုံကတော့ရိုက်တဲ့သူများလို့ ၀တ်စုံသန့်ပြန့်မှုက အသင့်အတင့်ပါ။ Photographer ကိုရဲလင်းအောင် အဆင်အရမ်းပြေတယ်။အိုက်တင်တမျိုးနဲ့ တမျိုးမထပ်ရအောင်သင်ပေးတယ်။ စိတ်ရှည်တယ် make – up look လေးတွေလဲတစုံနဲ့တစုံမထပ်ရအောင် Aroma က ၀န်ထမ်းညီမလေးတွေပြင်ပေးကြတယ်။ Photo တွေချက်ချင်းပြန်ရွေးပေးရတာက အားသာချက်ပဲ ဘယ်ဆိုင်မှ ချက်ချင်းရွေးလို့မရဘူး။ ဆိုင်ကို နောက်တခါသွားပြီးပဲ ကိုယ်ကြိုက်တာတွေပြန်ရွေးရတာ Aroma ကရိုက်ပြီးထမင်းသွားစား နာရီဝက်စောင့်ပြီးတာနဲ့ Photo တွေရွေးလို့ရတယ်။ ပုံတော်တော်များများကြိုက်လွန်းလို့ ရွေးရခက်ခဲ့တယ် ဆက်ဆံရေးကတော့ ပြောစရာမရှိအောင်ကောင်းတယ်။ ရိုက်မယ်ဆိုရင်ကြားရက်သွားရိုက်ဖို့ တိုက်တွန်းချင်တယ်။ စနေ ၊ တနင်္ဂနွေဆိုရင် လာရိုက်တဲ့စုံတွဲတွေ များလွန်ပါတယ်နော်။

Rating

Aroma Zulu Wedding Studio-5stars

My Dream- 5stars

My Wedding Dream- 5stars

စုံတွဲလေးတို့ Pre wedding Review လေးတွေ ဖတ်ထားသင့်တယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords