Advertisement

ကိုယ့်ပုံတွေလဲမြင်ရော လုံးဝ လုံးဝ ကို အမေးဇင်းဖြစ်သွားတယ်။ ကိုယ်တင်မဟုတ် ကိုယ့်သတို့သားရော နှစ်ဖက်ဆွေမျိုးတွေပါ အမေးဇင်းတွေဖြစ်သွားတာပါနော်

Marry က စုံတွဲလေးတို့ရေ မင်္ဂလာပွဲလေး မကျင်းပခင်မှာ Pre Wedding ပုံလေးတွေ ရိုက်ကြတယ်မလား၊ Pre wedding ရိုက်တော့မယ်ဆိုရင် စုံတွဲလေးတို့မှာ ရွေးချယ်ရမယ့် စတူဒီယိုတွေလည်း များပါတယ်။ ရွေးတဲ့အခါမှာလည်း စီနီယာတို့ရဲ့ Review လေးတွေ ဖတ်ထား သိထားဖို့ လိုတယ်နော်။ ဒါမှ ရွေးချယ်တဲ့အခါ ချင့်ချိန်နိုင်မှာပါ။ ဒီတစ်ခါမှာတော့ မန္တလေးမှာ Pre wedding စုံတွဲလေးတို့အတွက် ကိုသီဟစိုးနဲ့ မသီရိပြည့်စုံအောင်တို့ရဲ့ Pre wedding review ကို ဖော်ပြလိုက်ပါတယ်။

ရွေးဖြစ်တဲ့ Studio

Pre wedding ရိုက်မယ်လို့ စဉ်းစားလိုက်ကတည်းက လိုင်းပေါ်ကနေ studio တွေ စုံစမ်းခဲ့၊ လေ့လာခဲ့တာပါ။  ကိုယ့်မျက်လုံးထဲ Togetherက အလှဆုံးဖြစ်နေခဲ့တော့ Mdy Together မှာစုံစမ်းခဲ့တာပေါ့နော်။  ကိုယ်တွေရိုက်တုန်းက Mdy Togetherက ဖွင့်ပွဲတောင် မလုပ်ရသေးဘူး။

ကုန်ကျစရိတ်နဲ့ ဝတ်စုံ

Promotionလဲရှိနေတော့ ဝတ်စုံ (၃)စုံ ကို (၄၈၀၀၀၀) နဲ့ ရပါတယ်။  တခြား gift voucherနဲ့ family packageပါ လက်ဆောင်ရခဲ့တော့ အတိုင်းထက်အလွန်ပေါ့နော်။ ဝတ်စုံသွားရွေးတော့ ကိုယ်ကတောင် အားနာယူရသေးတယ်။ ကိုယ်ကဝတော့ တချို့ဂါဝန်တွေနဲ့က မလိုက်ဘူး။ အဲဒီတော့ဝတ်လိုက်ရွေးလိုက်နဲ့ တစ်စက်ကလေးမှကိုမျက်နှာပျက်မသွားဘူး။ မတရားစိတ်ရှည်တယ်။ တစ်ခုရှိတာက မြန်မာဝမ်းဆက်ကနည်းတယ်။ ရှိတာလေးတွေကတော့ လှပါတယ်။

ရိုက်တဲ့နေ့

ရိုက်တဲ့နေ့မှာ တနေကုန်ဆိုတော့ ပင်ပန်းတာတွေရော အိပ်ရေးမဝတာရော ကိုယ့်မှာ မပြုံးနိုင် မရယ်နိုင်တော့ဘူး။ ဓါတ်ပုံဆရာက လုံးဝစိတ်ရှည်ပြီး ဟာသလေးတွေပြောပြီး ရိုက်ပေးရှာတယ်။ နောက်ဆုံး ကိုယ့်ရှေ့မှန်ထောင်ထားပေးတယ်။ အဲဒါကြောင့် pre weddingသွားမရိုက်ခင် ညကိုအိပ်ရေးဝအောင် အိပ်သွားပါနော်။ နောက်တစ်ချက်က ကိုယ်ရော သတို့သားရောက အကိတ်size ဆိုတော့ လူအသားပေးရိုက်ရင် အဆင်ပြေပါ့မလား စိုးရိမ်ခဲ့မိတယ်။ ပုံသွားရွေးတော့ တထိတ်ထိတ်နဲ့ပဲ။

ကိုယ့်ပုံတွေလဲမြင်ရော လုံးဝ လုံးဝ ကို အမေးဇင်းဖြစ်သွားတယ်။ ကိုယ်တင်မဟုတ် ကိုယ့်သတို့သားရော နှစ်ဖက်ဆွေမျိုးတွေပါ အမေးဇင်းတွေဖြစ်သွားတာပါနော်။ ဆက်ဆံရေးကလဲ လုံးဝကိုကောင်းမွန်တယ်။ မိတ်ကပ်ဆရာမ/ အကူ တွေအကုန်လုံးကလည်း ကိုယ့် customerအပေါ် လုံးဝလိုလေသေး မရှိစေရဘူး။ Photographer ကလည်း လုံးဝကို professional ပီသပါပေတယ်။ ဒါကြောင့် pre wedding ရိုက်မယ့် သတို့သမီးလေးတွေအတွက် together ကို fully recommend ပေးပါတယ်ရှင်။

 

  • စီစဉ်ပေးတာက Ma Nandar San
  • မိတ်ကပ် မနှင်းဆီ
  • ဓာတ်ပုံဆရာ ကိုရဲမြင့်

ချစ်သူသက်တမ်း

စတွေ့တာက fbကနေတွေ့တာပါ။  နှစ်ယောက်လုံးက အင်/ယာတွေ လုပ်တဲ့ ဌာနကလည်းတူတော့ အလုပ်အကြောင်းစပြောရင်းကနေ ခင် ပြီးတော့ ချစ်သူဖြစ်သွားတာ။ ချစ်သူသက်တမ်းကတော့ (၃) နှစ်ပါ။

  • Rating – Together (Mdy) (5 stars*****)

Comments

0 comments