Advertisement

Honest Review အဖြစ် ကိုချစ်ဦးနိုင်နဲ့ မနှင်းသီရိခိုင်တို့ရဲ့  Rose Garden Hotel မှာ ကျင်းပခဲ့တဲ့မင်္ဂလာပွဲအကြောင်းပြောပြပေးလိုက်ပါတယ်နော်

မင်္ဂလာပွဲ ကျင်းပမယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲတစ်ခုစီစဉ်တယ်ဆိုတာ မင်္ဂလာရက်သတ်မှတ်တာကစလို့ စီစဉ်ကြရတယ်မလား။ မင်္ဂလာပွဲတစ်ပွဲ ဖြစ်မြောက်ဖို့ စီစဉ်စရာတွေများသလို ရွေးချယ်စရာတွေလည်း များတာမို့ စုံတွဲလေးတို့အနေနဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ Honest review လေးတွေ သိထားဖို့ လိုတယ်နော်။ ဒီတစ်ခါမှာတော့ Marry က Honest Review အဖြစ် ကိုချစ်ဦးနိုင်နဲ့ မနှင်းသီရိခိုင်တို့ရဲ့  Rose Garden Hotel မှာ ကျင်းပခဲ့တဲ့မင်္ဂလာပွဲအကြောင်းပြောပြပေးလိုက်ပါတယ်နော်။

စပြီးစီစဉ်ဖြစ်တာလေး

 Wedding စစီစဉ်ပြီဆိုတာနဲ့ အရင်ဆုံး ရက်အရင်​ရွေးဖို့လုပ်ရတာ​ပေါ့။ အဲဒါနဲ့ ကိုယ်​ဆောင်ချင်တဲ့ လကို​ရွေးပြီး ဆရာစံဇာဏီဘိုဆီ သွား​မေးပါတယ် (လက်မှတ်ထိုး/ဆွမ်း​ကျွေး/မင်္ဂလာ​ဆောင်​ရက် ​ရွေး​ပေးတယ်။ အ​ရောင်​တွေပါ တခါထဲ ပေးလိုက်တယ်။ အမတို့ Wedding က​တော့ (၂၆.၅.၂၀၁၉ )မှာ​ပါ။ အဲ့ဒီ​နောက်ပိုင်း online က​နေ အရင်​ဆောင်ခဲ့ဖူးတဲ့ သတို့သမီး​​​လေး​တွေ review ​တွေဖတ်ပြီး နမူနာယူခဲ့ပါတယ်။

Hotel ရွေးချယ်ဖြစ်ပုံ

Hotel က​တော့ ကိုယ်စိတ်တိုင်းကျတဲ့ (၃) ခု (၄) ခု​လောက်ကို မှတ်ထားတာ​ပေါ့​နော်။ ပြီးတော့ ကိုယ်တိုင်​သွားပြီး​ စုံစမ်း​မေးမြန်းပါတယ်။ ​နောက်ဆုံး Rose Garden ကို​ရွေးဖြစ်သွားတယ်။ ​အ​ဆောက်အဦး ပုံစံရော ​ပေးတဲ့Service ​​ရောသ​ဘောကျလို့​ ရွေးချယ်ဖြစ်တယ်။Rose Garden က မုန့် (၄) မျိုးကို (၁၈၀၀၀) ​​အမတို့က date ပဲအရင်​​ပေးထားပြီး fair ကျမှ ပိုက်ဆံ​ချေတာဆို​တော့ service ကိုပုံမှန်ထက်ပိုရတယ်။ Hotel မှာ stay one night honeymoon room ရယ်၊ dinner ​​ရော breakfast ​ရော​​ပါတယ်။ အလှပြင်တာလည်း(၂) ခန်း​ပေး​တော့ အဆင်​ပြေတယ်။ အရံ​လေး​တွေတစ်ခန်း အမတို့တခန်းဆို​တော့ ကျယ်တယ်။ တစ်ခုပဲ ​ရေမချ​ပေးထား​တော့ လာတဲ့လူ​တွေက ​ရေဆာ​တော့ ​တောင်း​သောက်ရတယ်​ပြောတယ်။

ဝတ်စုံ

ဝတ်စုံက​တော့ သီတဂူက​ပါ.။ အမလိုချင်တဲ့ပုံကို​ပြောပြီး ဆိုင်ကအမ Ma Nandar နဲ့တိုင်ပင်ပြီး ပုံ​တွေဆွဲလိုက်ပြင်လိုက်နဲ့ လုပ်ဖြစ်ခဲ့တယ်။ အမကလည်း အရမ်းသ​ဘော​ကောင်းပြီး စိတ်ရှည်ပါတယ်။(၂၀၁၈ ) နိုဝင်ဘာလပိုင်းမှာ စအပ်ဖြစ်ပါတယ်။ ကိုယ်​က​နောက်ထပ်ပြင်တာ​တွေ ​ထပ်ထည့်တာ​တွေ အကုန်မငြီးမငြူ လုပ်​ပေးပါတယ်။ အရံ​လေး​တွေအတွက်​ရော မိဘ​တွေအတွက်​ရော သီတဂူကပဲ​ပေါ့​နော်။ လက်ဝတ်ရတနာ​ရော တခြားလိုတဲ့ ကလပ်တို့ ဗန်းတို့ကအစ သီတဂူကပဲယူပါတယ်။ ​ရွေးစရာများ​တော့ အဆင်​ပြေတာ​ပေါ့။ ပွဲ​နေ့မှာလည်းဆိုင်က အမMa Nandar ကိုယ်တိုင် လာဝတ်​ပေးပါတယ်။ လူ​တွေလည်း အများကြီးပါလာ​တော့ အရံ​လေး​တွေကိုလည်းဝတ်​ပေးဆို​တော့ အဝတ်အစားဝတ်ချိန် မကြာဘဲ မြန်တာ​​​ပေါ့။ ဒါနဲ့ပဲ photo ရိုက်ချိန်ပိုရသွားတာပေါ့နော်။

မိတ်ကပ်

မိတ်ကပ်က​တော့ May Moe (Kyaw Moe )နဲ့ ပြင်ပါတယ်။ အစမ်းလည်း ပြင်​ပေး​တော့ အဆင်​ပြေတယ်။ အမက​တော့ အစမ်းကို လက်မှတ်ထိုးတဲ့​နေ့ သွားပြင်လိုက်တယ်။ မိတ်ကပ်က ပါးပါး​လေးနဲ့လှတယ် တ​နေကုန်မပျက်ဘူး ညထိခံပါတယ် အချိန်လည်း တိကျတယ်။

ဖိတ်စာ

ဖိတ်စာကတော့ WS ဆိုတဲ့ ဆိုင်ကနေ ယူဖြစ်တယ်။ ဆိုင်​ရောက်​တော့လှတာ​တွေ များပြီး အကြိုက်​ပြောင်းသွားလို့ တမျိုး​ပြောင်းဖြစ်တယ်။ ဖိတ်စာ ဒီဇိုင်းက သစ်သားပုံ​ပေါ် လိပ်ပြာ​လေး အမက လိပ်ပြာမကြိုက်လို့ Hotel ပုံကိုပဲ လုပ်ဖြစ်တယ်။ ချက်ချင်း print ထုတ်ပြီး မကြိုက်မချင်း ပြင်​ပေးတယ်။ ရက်ချိန်းလည်း တိကျပါတယ်။ ပြန်ကမ်းကို​တော့ Sweet က​နေယူပါတယ်။ အဲ့ဒီဆိုင်က dollar book ​လေးကြိုက်လို့ wedding fair ​​နေ့မှာပဲ တခါထဲမှာလိုက်တာ ရတာနဲ့ delivery နဲ့ပို့​ပေးပါတယ်။

ပန်းအပြင်အဆင်

 ပန်းအပြင်အဆင်က​တော့ Bees & Flowers က​ပါ သူကရှုပ်ယှက်ခက်​မ​နေဘဲ decoration ​တွေက ရှင်းလို့ ​ရွေးချယ်ဖြစ်တယ်။ အ​ရောင်က​တော့ အဝတ်အစားနဲ့ လိုက်တာကိုပဲ ​ရွေးဖြစ်တယ်။ Floral decoration က​တတော့ stage backdrop၊ stage stand၊ tunnel ရယ် ပါပါတယ်။ အမက promotion (၂၀%)  ရလိုက်​ပါတယ်။

အခမ်းအနားမှူး

အခမ်းအနားမှူးက ဦးဘိုမြင့်သန်း၊ အခါ​တော်​ပေးက ​ဒေါ်ခင်စိုးဝင်းပါ။ ပွဲမစခင်ထဲက အမတို့ကို ကြိုသင်​ပေးတယ် ကန်တာ့ရမယ့်​နေရာ၊ ထိုင်ရမယ့်အချိန် အ​​သေးစိတ်​ပေါ့​နော်။ မိဘကန်​တော့ခန်းလည်း ပါပါတယ်။ အချိန်လည်း​တိကျသလို အချိန်​လောက်​​အောင်လည်း ​ပြောသွားတယ်။

မင်္ဂလာပွဲနေ့ ဓါတ်ပုံ

Photo က White gallery နဲ့ပါ အဖွဲ့သား​တွေအကုန် စိတ်ရှည်ကြတယ်။ ပုံ​ထွက်အရမ်းလှပါတယ်။ Post ​တွေကိုလည်း
မထပ်​အောင် သင်​ပေးတယ်။ ​Video ပြန်ကြည့်တဲ့အခါ လူစုံ​ပါ​​အောင် မလစ်ဟာ​နေ​​အောင် ရိုက်​ပေးထားတာ ​တွေ့ရတယ်။

Marry က စုံတွဲလေးတွေအတွက် အကြံပေးချက်

Wedding ​နေ့မှာ အဓိကက​တော့ ကိုယ်အပ်ထားတဲ့ လူ​တွေ အကုန်အချိန်တိကျဖို့ပါပဲ။ စအပ်ပီဆိုတာနဲ့ တခါထဲကိုယ်လိုချင်တာ​တွေ​ပြောပြီး အချိန်အ​တိအကျ​ရောက်​ပေးဖို့ တောင်းဆိုထား​ပေါ့​နော်။ အဲဒါဆို သတို့သမီးလည်း စိတ်မရှုပ်ရ​တော့ဘူး။ ပွဲ​နေ့မှာ ​အေး​​အေး​ဆေး​ဆေးနဲ့ ဖြတ်သန်းရတာ​​​ပေါ့။

ချစ်သူသက်တမ်း

 

အမတို့က ချစ်သူသက်တမ်း (၅) နှစ်မှာ မင်္ဂလာဆောင်တာပါ။ သူကရုံးသွား၊ ကိုယ်ကကျောင်းသွားနဲ့ ကားဂိတ်မှာ တွေ့ဆုံခဲ့ကြတာပါ။

Rating

  •  သီတဂူ – 5 stars
  • WS – 5 stars
  • မိတ်ကပ် May Moe –  5 stars
  • ကျန်တာကတော့ – 4 stars ပါ
 

 

 

Comments

0 comments