ကိုဥာဏ်လင်းထက်နဲ့ မစမ်းသီတာအောင်တို့ရဲ့ ပြီးပြည့်စုံတဲ့ Signing Day Honest Review

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာလက်မှတ်ကို ဟိုတယ်အခမ်းအနားနားနဲ့ ထိုးမယ်ဆိုတဲ့သူတွေအတွက် ကိုဥာဏ်လင်းထက်နဲ့ မစမ်းသီတာအောင်တို့ရဲ့ ပြီးပြည့်စုံတဲ့ Signing Day Honest Reviewလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကြီး မလုပ်ခင်မှာ မင်္ဂလာလက်မှတ်ရေးထိုးတာမျိုး လုပ်လေ့ရှိတယ်မလား။ မင်္ဂလာလက်မှတ်ကို ဟိုတယ်အခမ်းအနားနားနဲ့ ထိုးမယ်ဆိုတဲ့သူတွေအတွက် ကိုဥာဏ်လင်းထက်နဲ့ မစမ်းသီတာအောင်တို့ရဲ့ ပြီးပြည့်စုံတဲ့ Signing Day Honest Reviewလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်စုံ

 သတို့သားအတွက် ဝတ်စုံကတော့ အမတို့က ပြင်ဦးလွင်မှာနေတာဆိုတော့ သူငယ်ချင်းတစ်ယောက်ကို တရုတ်ပြည်က Online shop ကနေ  မှာခဲ့တာပါ မှာခိုင်းခဲ့တာပါ။  ချုပ်ခတွေက အပြင်မှာ ဈေးကြီးတယ်၊ ရက်ကလည်း ကပ်နေတာ ဖြစ်တဲ့အတွက် Ready made ကိုမှာခဲ့ပါတယ်။ သတို့သားအတွက်က အားလုံးကိုမှ (၁သိန်းခွဲ) ဝန်းကျင်လောက် ကျပါတယ်။ ဝတ်စုံဆိုဒ်ကို တစ်ဆိုဒ်ကြီးတာ ရွေးချယ်ခဲ့တာပါ။ အမအတွက်ဝတ်စုံကတော့ သူငယ်ချင်းဒီဇိုင်နာ တစ်ယောက်က ချုပ်ပေးတာပါ။

နေရာ

နေရာအနေနဲ့ကတော့ အမတို့က Modern အဆောက်အဦးကို မကြိုက်ဘူး Classic ကို ပိုကြိုက်တာမို့ အကုန်တော့လိုက်စုံစမ်းတယ်။ Strand Hotel ကတော့ ရန်ကုန်အိမ်နဲ့လည်း  နီးတယ်။ (5) stars ဟိုတယ်တယ်ဖြစ်ပြီး Facilities တွေလည်း အရမ်းကောင်းတယ်။ အဲဒါမို့ Strand Hotel ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ အားသာချက်က Downtown ဖြစ်တယ်၊ Local နည်းတဲ့အတွက် စပ်စုတာ၊ သူများကြည့်တာတွေ မခံရဘူးပေါ့နော်။ တချို့က Strand Hotel ကို အရှေ့မျက်နှာစာကိုပဲ ကြည့်ပြီး Impressive မဖြစ်ဘူးဆိုပြီး ကျော်သွားတာ။ အမကတော့ ငယ်ငယ်ကတည်းက ကြိုက်တာမို့ အဲ့ဒီနေရာကိုပဲ ရွေးချယ်ဖြစ်တာပါ။ ဟိုတယ်ကိုတော့ အပြည့်အဝ recommend ပေးချင်တယ်။ ကိုယ့်ရဲ့ ဓါတ်ပုံ Background တွေကအစ ထူးဆန်းနေတာမျိုးပါ။

အကျွေးအမွေး

အကျွေးအမွေးကတော့ တစ်ယောက်စာကို ဒေါ်လာ (၂၅) ကျပ်နဲ့ မုန့်(၁၁) မျိုးပါတဲ့ Tea Set အယောက်(၂၀) စာ အနည်းဆုံး ယူရပါတယ်။ အယောက်စာ (၂၀) စာယူရင် Strand Restaurant fees ပေးစရာ မလိုပါဘူး။ အမတို့က Low season မှာလုပ်တာကြောင့်ပါ။ High Season ဆိုရင်တော့ ပြောင်းနိုင်တယ်။ သေချာဖုန်းဆက်မေးရင်တော့ ရပါတယ်။ အစားအသောက်ကအစ လတ်ဆတ်ပြီး Service အပိုင်းရောလှည့်ကြည့်စရာမလိုအောင် အထောက်အပံ့ပေးနိုင်တယ်။ အနည်းဆုံးတော့ အယောက် (၃၀) စာလောက် ယူရတာ၊ အမတို့က ရှေ့တညကို ဟိုတယ်မှာ အခန်းယူလိုက်တဲ့အတွက် အယောက်(၂၀) စာ ခွင့်ပြုလိုက်တာပေါ့နော်။ မင်္ဂလာပွဲအချိန်က (၁၀) ကနေ (၁၂) နာရီ ဖြစ်တဲ့အတွက် မိတ်ကပ်ကို တစ်နေရာမှာပြင်၊ ဝတ်စုံတွေဝတ်ပြီး ဟိုတယ်ကို သွားရတာမျိုး၊ Traffic မိတာမျိုး မဖြစ်တော့ဘဲ မနက်ကတည်းက မိတ်ကပ်ဆရာကို ခေါ်ပြီး အခန်းမှာပဲ မိတ်ကပ် အေးအေးဆေးဆေး ပြင်လို့ရတယ်။

ကိုယ့်ရဲ့ မိသားစုဝင်တွေလည်း အဲဒီအခန်းထဲမှာပဲ အေးဆေးခေါ်ထားပြီး ပြင်လို့ရတယ်ပေါ့နော်။  မင်္ဂလာပွဲအချိန်က (၁၀) ကနေ (၁၂) နာရီ ဖြစ်တဲ့အတွက် ဟိုတယ်က Late Check out အနေနဲ့ နောက်ထပ်တစ်နာရီ ပေးပါတယ်။ ဟိုတယ်အခန်းမှာ တစ်ညနေတာက ဒေါ်လာ (၂၉၉) ကျပ်ပါ။ အဲဒီမှာ မိနစ်(၆၀) Message ပါတယ်၊ Strand ရဲ့ မနက်စာပါတယ်၊ နေ့လည်စာ ဒါမှမဟုတ် ညစာပါတယ်။ တခြား Swimming Pool လည်း သုံးလို့ရတယ်။ Strand Hotel ရဲ့ Tea ကိုလည်း စိတ်ကြိုက်မှာသောက်လို့ ရပါတယ်။ Service က (၂၄) နာရီ အပြည့်ရှိပါတယ်။ ဟိုတယ် Payment ကတော့ Deposit အနေနဲ့ (၃၀%) ချပေးရပါတယ်။ ပွဲပြီးမှ ကျန်တဲ့ (၇၀%) ချေပေးရပါတယ်။

ပန်းအပြင်အဆင်

ပန်းကတော့ His and Her Wedding ကို အပ်ခဲ့တာပါ။ အမတို့ အပ်ခဲ့တာကတော့ (၄) သိန်းတန်  Package ပါ။ ဘာတွေပါလဲဆိုရင် လက်ကိုင်ပန်း၊ ရင်ကပ်ပန်း၊ လက်မှတ်ထိုးအနောက်က (8) ပေပတ်လည် Background၊ လက်မှတ်ထိုးခုံရဲ့ ပန်းအပြင်အဆင် welcome board၊ နဲ့ ပန်းတိုင် စုစုပေါင်း (၄) ခု ပေးခဲ့ပါတယ်။ ခန်းမ အပြင်အဆင်ကတော့ Strand hotel ရဲ့ အပြင်အဆင်ကကိုက လှပြီးသားပေါ့နော်။ လိုက်ကာတွေ၊ မီးဆိုင်းတွေကအစ ဗြိတိသျှ၊ ကိုလိုနီရဲ့ Mood ကို အပြည့်ရပါတယ်။ ပြင်သစ်မှာ ညစာစားနေရသလို ခံစားရတာမို့ ဟိုတယ်ရဲ့ အပြင်အဆင်ကအစ အရမ်းအဆင်ပြေပါတယ်။

ဝတ်မယ့်အင်္ကျီက ပိုးအဖြူ၊ သတို့သားက ကာကီအရောင်မို့ ပန်းအပြင်အဆင်ကို လိုက်အောင် ပန်းအပြင်အဆင်က ပြင်ဆင်နိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် ပွဲနေ့က ပြင်တဲ့ နာမည်စာလုံးပေါင်းမှာ ဥာဏ်လင်းထက်ကို နိုင်လင်းထက်လို့ မှားနေတာ။ သတို့သားက မြင်လိုက်တော့ အချိန်မီပြန်ပြင်နိုင်သွားတယ်ပေါ့။ အဲဒီမှာ သတိထားရမယ့်အချက်က ပွဲပြင်ဆင်ပေးမယ့်သူတွေကိုပဲ အကုန်လုံး မယုံထားဘဲ ကိုယ့်ဘက်ကလည်း လိုက်ပြီးစစ်ကြည့်ဖို့ လိုတယ်ပေါ့နော်။ (၅၀%) ကို အရင်ပေးရပြီး ပွဲမတိုင်ခင်ရက်မှာပဲဖြစ်ဖြစ် နောက်ထပ် (၅၀%) အပြီးပေးရပါတယ်။

မိတ်ကပ်

January Wee Wee နဲ့ ပြင်ခဲ့တာပါ။ မိတ်ကပ်ကတော့ Social ခေတ်ဆိုတော့ သေချာစုံစမ်းတယ်။ အမက မိန်းကလေးအချင်းချင်းပဲ ပြင်ချင်ပြီး သူပြင်ပေးတဲ့ Look တွေကလည်း ကိုယ့်မျက်နှာကျနဲ့ လိုက်မယ်ထင်လို့ သေချာလေး ရွေးခဲ့တာပါ။ အရမ်းသဘောကောင်းပြီး လိုချင်တာကို ညှိနှိုင်းလို့ ရတယ်။ လက်မှတ်ထိုးဆိုရင် ၁သိန်း၂သောင်းယူပါတယ်။ မင်္ဂလာဆောင်ပွဲကြီးဆိုရင်တော့ (၃-၄) သိန်းလောက် ယူပါတယ်။ 

ဓါတ်ပုံ

ဓါတ်ပုံကတော့  Thi Ha (Kaw Ki) နဲ့ပါ။ မိတ်ကပ်နဲ့ အချိတ်အဆက်မိတဲ့ ဓါတ်ပုံဆရာကိုပဲ ရွေးချယ်ပါတယ်။ အမြဲတမ်း တွဲပြီး သုံးနေတဲ့သူကို ရွေးတာက ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ပွဲနေ့အတွက်က (၅) သိန်းပေးရပါတယ်။ သူတို့ရဲ့လက်ရာကို အရမ်းကြိုက်တာမို့ စိတ်တိုင်းကျ ရွေးခဲ့တာပါ။မိတ်ကပ်နဲ့ ဓါတ်ပုံအကြောင်း စုံစမ်းတဲ့အခါမှာ ကုန်ကျစရိတ်အကြောင်း အရမ်းပြောတဲ့ Artist တွေကိုတော့ ရှောင်ခဲ့ပါတယ်။ ဓါတ်ပုံကတော့ (၄၀%) လောက် စရံချပြီး ကျန်တာက ပွဲပြီးမှ ပေးတာပါ။ ဟိုတယ်ကတော့ စည်းကမ်းကြီးတဲ့အတွက် သူတို့ ပြောပြထားတဲ့နေရာတွေမှာတော့ ရိုက်ရပါတယ်။

စာချုပ်

စာချုပ်ကတော့ My wedding ကပါ။ သူတို့ရုံးခန်းမှာပဲ ရွေးခဲ့ပြီး အမကတော့ ကြိုက်တဲ့ဒီဇိုင်း တစ်ခါတည်း တွေ့တာမို့ နည်းနည်းပဲ ပြင်ရပါတယ်။ ဘောပင်ကလည်း စာချုပ်နဲ့ လိုက်မယ့် ပုံစံပဲ ရွေးချယ်ခဲ့ပါတယ်။

တရားသူကြီး

တရားသူကြီး ရွေးရင်တော့ ကိုယ့်ပွဲနဲ့ နီးတဲ့သူကို အကောင်းဆုံးပါ။ နီးတော့ Traffic ဖြစ်တာတွေ နည်းပြီး ပွဲချိန်နောက်ကျတာမျိုး မဖြစ်ဘူးပေါ့။ နောက်ပြီး ပုံပန်းသဏ္ဍန်ကို ရွေးချယ်ဖို့ လိုပါတယ်။ ဒါမှ ပုံထဲမှာလည်း Setting ကျနေမှာပါ။ စရှာကတည်းက ငယ်ငယ် ဖြူဖြူလေး ရှာဖြစ်ပါတယ်။ လက်ထပ်စာချုပ်နဲ့ မှတ်ပုံတင်ကို တရက်ကြိုပြီး သွားပေးထားရတယ်။ ရုံးတော်မှာ Register လုပ်ပြီးမှ ပွဲဆီကို စာချုပ်ကို ပြန်ယူလာပေးတာပါ။

ချစ်သူသက်တမ်းနဲ့ လက်မှတ်ရေးထိုးဖြစ်ခဲ့ပုံလေး

(၆) နှစ်နဲ့ (၃) လပြည့်မှာ လက်မှတ်ထိုးပွဲ လုပ်ဖြစ်တာ၊ အဲဒီနေ့ကလည်း Anniversary နေ့ တိုက်တာကြောင့်ပါ။ အမှန်တော့ ပွဲကလုပ်ဖို့ စိတ်ကူးမရှိသေးဘူး။ မလေးနက်လို့တွေးမိရင်း လက်မှတ်ထိုးဖို့ စိတ်ကူးမိတာပါ။ ဝါတွင်းထဲမှာ လက်မှတ်ထိုးဖြစ်ပေမယ့် ဝါထွက်မှာ မအားတာရော အကြောင်းအမျိုးမျိုးကြောင့် ဝါတွင်းမှာပဲ လုပ်ဖြစ်ခဲ့တာ။တချို့ကတော့ မလုပ်ကောင်းဘူး ပြောပေမယ့် ဒါက အသိအမှတ်ပြု လက်မှတ်ထိုးတာမို့ ရဲရဲဝံ့ဝံ့ လုပ်ခဲ့တာပါ။
အဓိကကတော့ သတို့သမီးတို့ စိတ်က ဗျာမပါသင့်ဘူး။ ဘယ်လိုပုံစံလေး ဆောင်ချင်တယ်ဆိုတာကို နှစ်ယောက်စလုံး ခေါင်းချင်းဆိုင်ပြီး စဉ်းစားစေချင်တယ်။ ကိုယ့်လက်တွဲဖော်နဲ့လည်း ကိုက်ညီမယ့် Mood မျိုး၊  Theme မျိုးကို စဉ်းစားသင့်တယ်။ အဲဒီစဉ်းစားထားတဲ့အပေါ်ကိုမှ သေချာ လိုက်ပြီး ဖြည့်ဆည်း စီစဉ်ပါ။ သူများအကြံပေးတာကိုလည်း အများကြီး မယူဘဲ နှစ်ဦးသားလိုချင်တာကို ဦးစားပေးစီစဉ်ပါ။ Payment ကိစ္စပြောတဲ့အခါမှာ ဈေးကို ဆစ်သင့်ပါတယ်။

Rating

ဓါတ်ပုံ- Thi Ha (Kaw Ki)  (5 star)

မိတ်ကပ်- January Wee Wee  (5 star)

 

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords