(၃)လအတွင်း Plannerအပ်ပြီး မင်္ဂလာပွဲကြီးစီစဉ်ခဲ့တဲ့ ဗိုလ်ကြီးရဲနောင်နဲ့မအိမို့မို့ဖြူတို့ရဲ့ Honest Review

by: Phyo Pyae Thu
 0 comments  1 love

အချိန်(၃)လ လောက်ယူပြီးလုပ်ခဲ့ပေမယ့် မင်္ဂလာဆွမ်းကပ်ပွဲကကော ပွဲကြီးကော အဆင်ပြေခဲ့ပါတယ်။Budget အနေနဲ့မှန်းထားတာထက် အနည်းငယ်ပိုသွားခဲ့ပေမယ့် စိတ်ကျေနပ်ခဲ့ရပါတယ်။

မင်္ဂလာဆောင်မယ့် Marry က သတို့သား၊ သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး ခမ်းခမ်းနားနား ပြီးမြောက်ဖို့ဆိုရင် စီနီယာ ဇနီးမောင်နှံတွေရဲ့ မင်္ဂလာဆွမ်းကျွေး၊ Pre weddingနဲ့ မင်္ဂလာပွဲနေ့ စီစဉ်တာတွေကို အသေးစိတ် သေချာ သိထားသင့်တယ်မလား။ ဒါမှ ဘယ် service ကတော့ အဆင်ပြေပြီး ဘာတွေ ရှောင်ရ ဆောင်ရမယ်ဆိုတာကို ကြိုတင်သိနိုင်မှာပေါ့။ သတို့သမီးလေး မအိမို့မို့ဖြူက သူပြင်ဆင်ခဲ့တဲ့ မင်္ဂလာပွဲလေးအကြောင်းကို ခုလိုပဲ ပြောပြထားပါတယ်။ စီနီယာစုံတွဲလေးဖြစ်တဲ့ ဗိုလ်ကြီးရဲနောင်နဲ့ မအိမို့မို့ဖြူတို့ရဲ့ Honest Review လေး ဖတ်ကြည့်ရအောင်နော်။

Pre wedding

Pre wedding

Pre wedding

Pre wedding

ညီမ တို့ Pre wedding ကို Indoor သုံးစုံနဲ့ Out door တစ်စုံရိုက်ပါတယ်။ Indoor ကိုတော့ Perter’s bridal garden မှာ ရိုက်ပြီးတော့ Outdoor ကိုတော့ My Dreamမှာ ရိုက်ဖြစ်ပါတယ်။ Perter’s bridal garden မှာ booking ကို နှစ်လလောက်ကြိုယူဖြစ်ပါတယ်။ (၅ )သိန်းခွဲတန် Cendralla package မှာ အနောက်တိုင်းတစ်စုံ၊ ထိုင်မသိမ်းတစ်စုံ ပါပြီးတော့ promotion အနေနဲ့ အနောက်တိုင်းတစ်စုံ လက်ဆောင်ထပ်ပေးပါတယ်။ ပုံ (၂၀) ပါ Singapore album တစ်အုပ်၊ ပုံကြီး ၂၄၊ ၃၆ ဆိုဒ် တစ်ပုံပါပါတယ်။

ရိုက်တဲ့နေ့မှာလည်း မနက် (၁၀) နာရီလောက်ကနေ ညနေ ၆ နာရီလောက်ထိ တနေကုန်အောင် ရိုက်ရပေမယ့် ညီမကော သတို့သားကော မပင်ပန်းပဲ အရမ်းအဆင်ပြေခဲ့ပါတယ်။ ပွဲကြီးနီးလို့ ပုံကြီးကို ရိုက်ပြီး ၁၀ ရက်လောက်နဲ့ ရအောင် ထုတ်ပေးခဲ့လို့ ပွဲကြီးနေ့မှာအဆင်ပြေခဲ့ပါတယ်။ တစ်လအတွင်း ကျန်ပုံလေးတွေအားလုံးရပါတယ်။ ပုံလေးတွေရတဲ့ အခါမှာလည်း ညီမတို့နှစ်ယောက်လုံးသဘောကျခဲ့ရပါတယ်။

မင်္ဂလာဆွမ်းကပ်နှင့် လက်မှတ်ထိုးပွဲ

လက်မှတ်ထိုးပွဲ

ထိမ်းမြားမင်္ဂလာစာချုပ်

မင်္ဂလာဆွမ်းကပ်

မင်္ဂလာဆွမ်းကပ်ကိုတော့ အိမ်နားက ညီမတို့ကိုးကွယ်နေကျ ဘုန်းကြီးကျောင်းမှာပဲ လုပ်ဖြစ်ပါတယ်။ ပန်းအပြင်အဆင်ကို ပွဲကြီးအတွက်အပ်ထားတဲ့ HG wedding service planner ကပဲမှာခဲ့ပါတယ်။ လိုချင်တဲ့အတိုင်း လှအောင်လုပ်ပေးလို့ အဲ့နေ့ကလည်း အကုန်လုံးအဆင်ပြေခဲ့ပါတယ်။ (၄)သိန်းကျပါတယ်။ ၀တ်စုံကတော့ Designer Yu Wah Aung ဆီမှာအပ်ပါတယ်။ ရက်ချိန်းမှန်မှန်နဲ့ အလှဆုံးဖြစ်အောင် ချုပ်ပေးပါတယ်။ ကိုယ်လည်း အရမ်းသဘောကျပါတယ်။

အကျွေးအမွေးက လတ်လတ်ကြက်ဆီထမင်းနဲ့၊ နှင်းပုလဲရေခဲမုန့် မှာယူဧည့်ခံခဲ့ပါတယ်။ မိတ်ကပ်ကတော့ Calvin Waiyan နဲ့ လိမ်းဖြစ်တယ်။ သူရဲ့လူငယ်ဆန်ဆန်နဲ့ပြောင်ပြောင်လေးပြင်ပေးတာကို ကြိုက်ပါတယ်။ ဓာတ်ပုံကတော့ ကိုဖြိုးမင်းဇော်နဲ့ ရိုက်ပါတယ်။ soft copy အားလုံးလည်းပေးပါတယ်။ color တွေကိုပြန်ချိန်စရာမလိုလောက်အောင် ရိုက်ပေးပါတယ်။ (5×7 )ဆိုဒ် ပုံ (၁၅၀) ထုတ်ပေးပါတယ်။ လက်မှတ်ထိုးဖို့ကိုတော့ တောင်ဥက္ကလာပမြို့နယ် ဒုတိယတရားသူကြီး မနီလာစိုးက ကူညီပေးခဲ့ပါတယ်။ လက်ထပ်စာချုပ်က lovey dovey က ဆွမ်းကပ်ဝတ်မယ့်အရောင်လေးနဲ့လိုက်ပြီး ကိုယ်ကြိုက်တာတွေ့လို့ တစ်ခါတည်း ၀ယ်ယူခဲ့ပါတယ်။

မင်္ဂလာပွဲထွက်တဲ့နေ့

ပွဲကြီးနေ့ မင်္ဂလာပွဲ

15.6.2019 ( Saturday ) ကပြီးသွားခဲ့တဲ့ ကိုယ့်ပွဲလေးအကြောင်း Review ရေးပြီး sharing လေးလုပ်ပေးချင်ပါတယ်။ ခရီးသွားနေတာနဲ့ ခုမှရေးဖြစ်လို့ အမှားပါရင်လဲ ခွင့်လွှတ်ပေးပါရှင့်။ ညီမက အချိန်က ( ၃ ) လလောက်အလိုမှ အမြန်စီစဉ်ရသလို ဖြစ်သွားတော့ တစ်ပွဲလုံးစာကို HG Wedding Planner Service နဲ့အပ်ခဲ့ပါတယ် ။ ကိုယ်လိုချင်တဲ့ပုံစံလေးကို သေချာဆွေးနွေးလို့ရပြီး ဈေးတွေကလည်း ကိုယ်စုံစမ်းကြည့်သလောက်ထဲမှာ အရမ်းအဆင်ပြေပါတယ် ။ ပိုင်ရှင်အကိုကလည်းအရမ်းသဘောကောင်းပြီး အစအဆုံး လိုလေသေးမရှိအောင် ကိုယ့်ပွဲလေးလို ဂရုစိုက်ပေးတဲ့အတွက် အရမ်းအဆင်ပြေခဲ့တာလေးတွေကို သတိုးသမီးလေးတွေကို share ချင်ပါတယ် ။

နေရာ – Dolphin Hall

Dolphin Hall

ခန်းမတွေ စကြည့်ထဲက Hall ကျယ်တာရယ် တိုင်ပျောက်ခန်းမဖြစ်တာရယ် အစားအသောက်ဈေးနှုန်းလေးတွေလည်း အဆင်ပြေလို့ ဒီခန်းမကိုရွေးချယ်ခဲ့ပါတယ် ။ သဘောကျတာကတော့ ဝင်လိုက်တာနဲ့ Hall ထဲ ရောက်သွားတဲ့ပုံစံလေးမို့ပါ ။ ပွဲချိန်က (၃ )နာရီကနေ (၄နာရီခွဲ) မို့
မုန့် (၄ )မျိုး ကော်ဖီ ၊ ရေခဲမုန့်လေး ရွေးခဲ့ပါတယ်။ လာတဲ့သူတွေကတော့ အဆင်ပြေတယ် မုန့်တွေလည်းစားကောင်းတယ်ပြောကြတယ် ။ သူ့ဆီမှာနည်းနည်းလိုအပ်တာက မိတ်ကပ်ခန်း မီးအလင်းရောင်နည်းတာလေးကတော့ အဆင်မပြေဘူးပေါ့နော်။ မိတ်ကပ်ကာလာအမှန်သိပ်မတွေ့ရသလို ခံစားရပါတယ် ။ ကျန်တာကတော့ အဆင်ပြေပါတယ် ။

ပန်းအပြင်အဆင် – HG Wedding Planner Services

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်


ကိုယ်လိုချင်တဲ့အရောင်လေး ပုံစံလေးတွေ၊ နာမည်လေးတွေကို မြင့်မြင့်လေးနဲ့ ထင်စေချင်တာလေးတွေ ၊ ပန်း Tunnel လေးလုပ်ချင်တာရော ပြောပြပြီး လုပ်ခိုင်းတာ အရမ်းအဆင်ပြေပါတယ် ။ သတို့သမီး လက်ကိုင်ပန်း ၊ အောင်စံပယ်ပန်းကုံး ၊ အရံလက်ကိုင်ပန်း အားလုံး အရမ်းလှပါတယ် ကိုယ်ကတော့သဘောကျပါတယ်။

 

ဖိတ်စာ – HG Wedding Planner Service 

ဖိတ်စာ


ဖိတ်စာက အထူ နဲ့ အပါး (၂ ) မျိုးရိုက်တာပါ ။ အပါးလေးက package မှာပါပြီးသားမို့ အထူအတွက်ကတော့ ပုံစံပေါ်မူတည်ပြီးထပ်ပေးရပါတယ် ။ ဒီဇိုင်းကတော့ ကိုယ်က Classic ဆန်ဆန်လေးကြိုက်လို့ ရှင်းရှင်းလေးဘဲ ရွေးခဲ့ပါတယ် ။ အကုန်ဖိတ်ပြီးမှ မလောက်လို့ ဖိတ်စာထပ်လိုချင်တာကိုလည်း ရက်ကပ်နေတာတောင် ရအောင်လုပ်ပေးခဲ့တဲ့ service ကိုလည်း ကျေးဇူးတင်ပါတယ်။

Make Up – မေဦးမောင် ( တော်ဝင်သူ)

Make Up – မေဦးမောင် ( တော်ဝင်သူ)

ပွဲနေ့မှာ သဘာဝဆန်ဆန်လေးနဲ့ Glow နေတဲ့ပုံစံလေးပြင်ပေးလို့ အရမ်းသဘောကျပါတယ် ။ အဲ့ဒီလို look လေးက ဘယ်ချိန်ကြည့်ကြည့်မရိုးသွားဘူးလို့ထင်ပါတယ်။ ကိုယ်ကလည်း ပြူးပြဲနေတာမကြိုက်လို့နေမှာပါ ။အစမ်းတစ်ရက်လည်းခေါ်လိမ်းပေးပါတယ် ဆံထုံးလည်း ထုံးပေးပါတယ် ။အဲ့နေ့မှာ ကိုယ်ကြိုက်တဲ့ပုံလေးတွေကိုလည်း ပြောလို့ရပါတယ်နော် ။

ဝတ်စုံ – HG Wedding Planner Service

ဝတ်စုံ

အသစ်ချုပ်အဌားအတွက် charges ထပ်ပေးပြီး customize design လေးလုပ်ခိုင်းခဲ့တာပါ ။ထိုင်မသိမ်းကို ရေသီနားလေးတွေကအစလှလှလေးဖြစ်အောင်လုပ်ပေးထားပါတယ် ။ လမ်းလျှောက်ရင်လည်း တဖျတ်ဖျတ်နဲ့ ပွဲထဲမှာမင်းသမီးလေးလိုပါပဲ။ အရံလေးတွေကိုလည်း သူများတွေလိုချိတ်တွေမဟုတ်ဘဲ ကနုတ်လေးတွေနဲ့ အရမ်းလှလို့ အရံလေးတွေလည်း သဘောကျကြပါတယ် ။

ဖိနပ် – ဖော်ယူ ဖိနပ်ဆိုင်( မြောက်ဥက္ကလာ )

သတို့သမီးအတွက်ကိုတော့ ဖော်ယူဖိနပ်ဆိုင်မှာ order လုပ်ခဲ့ပါတယ် ။ အောက်ခံသားအိအိလေးနဲ့ ကြိုးကိုလည်း မနာအောင် ကျောက်လေးတွေလည်း ပြွတ်နေအောင် သေချာလုပ်ပေးပါတယ် ။ ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပါတယ် ။ အရံလေးတွေအတွက်ဖိနပ်ကတော့ HG ကဘဲစီစဉ်ပေးပါတယ် ။

မင်္ဂလာကား – HG Wedding Planner Service

HG က package ထဲမှာကားပါပါတယ်နော် ။ အလာကိုတော့မကြိုပေးပါဘူး ။ အပြန်ကိုတော့ အိမ်အရောက်လိုက်ပို့ပေးပါတယ်ရှင့် ။

အရံဝတ်စုံ

Photo & Video – Forever

Forever ကပွဲတွေမှာရိုက်တဲ့ကာလာလေးတွေကြိုက်လို့ရယ် ပွဲအတွေ့ကြုံများတာတွေကြောင့် ရွေးချယ်ခဲ့ပါတယ် ။ ဈေးကလည်း တစ်ခြားနာမည်ကြီးတွေထက်အဆင်ပြေတယ် ကိုယ်ကြိုက်တဲ့ဓါတ်ပုံဆရာကိုလဲ By Name တောင်းလို့ရပါတယ် ။ ညီမကတော့ Ko Thet Naing Soe နဲ့ရိုက်ခဲ့ပါတယ် ။ Video ကလည်းအသံဖမ်း ရုပ်ဖမ်းအားလုံးအဆင်ပြေပြီး ကာလာလည်းတော်တော်ကောင်းပါတယ် ။ Photo & Video ကိုသတို့သားရော သတို့သမီးရော အရမ်းကြိုက်ပါတယ်။ Fully Recommend ပါရှင် ။

လက်ဝတ်ရတနာ – HG Wedding Planner Service

ဝတ်စုံ fitting ချတဲ့နေမှာပဲ လက်ဝတ်ရတနာတစ်ခါတည်း ရွေးပေးရပါတယ် ။ ဒီဇိုင်းတော်တော်များများလည်းရှိပြီး ပစ္စည်းလေးတွေသန့်ပါတယ် ။

အခမ်းအနားမှူး- ကိုကျော်သူလင်း

အခမ်းအနားမှူး

လူငယ်ဆန်ဆန်နဲ့ အသံသြဇာကောင်းပြီး ပွဲအတွေ့အကြုံလည်းများတဲ့သူမို့ ရွေးခဲ့ပါတယ် ။ ပွဲမထွက်ခင်လည်း အစစအရာရာ သင်ပေး ပြပေးခဲ့လို့ အားလုံးအဆင်ပြေခဲ့ပါတယ် 😊 ။

အခါတော်ပေး – ရွှေရည်သိန်းတန်

ရွှေရည်သိန်းတန်အသံကို ကြိုက်လို့ ရွေးခဲ့သူမို့အခါတော်ပေးလည်း အရမ်းကြိုက်ပါတယ် ။ အသံကကြည်ပြီး ငြိမ်ပြီးထွက်လာတာ ဟောတစ်ခုလုံး ငြိမ်ကျသွားတာပဲ။

တီးဝိုင်း – HG Wedding Planner Service

HG ကိုဘဲစီစဉ်ခိုင်းခဲ့တာပါ ။ ကိုယ်သဘောကျတဲ့ အဆိုတော်နဲ့ အရံအဆိုတော်တွေပါပါတယ် ။ သီချင်းသံကိုကိုယ်ကကြားပဲ ကြားမိလိုက်တယ် ပြုံးပြနေရတာနဲ့ ဘာမှန်းကိုမသိလိုက်ပါဘူး ။ လာတဲ့သူတွေကတော့ ဆိုတာလေးတွေအဆင်ပြေတယ်တဲ့ပြောပေးကြလို့ တော်ပါသေးရဲ့ 😬။

လက်ထပ်လက်စွပ် – ရွှေမွန် စိန်ရွှေရတနာဆိုင်

ကိုယ်လိုချင်တဲ့ စိန် size နဲ့ ဈေးကိုအဆင်ပြေအောင်လုပ်ပေးပြီး အနာစင်တာလေးရှာပေးလို့ အရမ်းသဘောကျပါတယ် ။ အပ်ပြီး (၁၀ )ရက်ဆိုတာနဲ့ ရအောင်လုပ်ပေးတဲ့အပြင် ကိုယ်ကပိန်သွားလို့ လက်ချောင်သွားတာကိုလည်း ပြန်လုပ်ပေးပါတယ် ။ စာလုံးလေးတွေကိုလည်း လက်ဆောင်ထွင်းပေးတယ် ( ကိုယ်တွေမိသားစု အမြဲဝယ်နေကျဆိုင်လေးမို့ အရမ်းအဆင်ပြေပါတယ် )။

Nail Art – 3 Flower ( မြောက်ဥက္ကလာ )

ဝတ်စုံအရောင် နဲ့လိုက်ပြီး ပွဲမှာပေါ်နေအောင် လုပ်ပေးပါတယ် ။ ဈေးလဲမကြီးပဲအဲ့ကအမတွေကလဲ အရမ်းသဘောကောင်း (ဂျီကျနေကျမို့) ၊ လှမလှကိုယ့်လက်လေးတွေကြည့်လိုက်ပါနော် ။

Rating

  • Perter’s bridal garden – 5 stars (*****)
  • My dream – 3 stars (***)
  • မေဦးမောင် (တော်ဝင်သူ) – 5 stars (*****)
  • Calvin Waiyan – 5 stars (*****)
  • ခန်းမ၊ အကျွေးအမွေး –  4 stars (****)
  • ဖိတ်စာနှင့်ပြန်ကမ်း – 5 stars  (*****)
  • Planner – HG Wedding Planner Service – 5 stars  (*****)

ညီမတို့က ချစ်သူသက်တမ်း (၇) နှစ်မှာ မင်္ဂလာပွဲလုပ်ဖြစ်ခဲ့ပါတယ်။ အချိန်(၃)လ လောက်ပဲယူပြီးလုပ်ခဲ့ပေမယ့် မင်္ဂလာဆွမ်းကပ်ပွဲကကော ပွဲကြီးကော အကုန်လုံးအစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ပွဲတစ်ခုလုံးကတော့ စိတ်ကျေနပ်ခြင်းများစွာနဲ့ ပြီးဆုံးခဲ့ပါတယ် ။ ဟိုဟာလေးမလုပ်လိုက်ရလို့ မပါလို့ နောင်တရခြင်းလည်းမရှိခဲ့ပါဘူး ။ အဓိက သတို့သား သတို့သမီး သဘောကျကြိုက်နှစ်သက်ဖို့ကသာ အရေးကြီးတာမို့ လုပ်ချင်တာတွေ လုပ်လိုက်ရလို့ပျော်ပါတယ်။ တစ်သက်မှာတစ်ခါဆောင်တဲ့ မင်္ဂလာပွဲမှာအားလုံး အဆင်ပြေခဲ့လို့လည်းစိတ်ချမ်းသာရပါတယ်။ Budget အနေနဲ့ ကိုယ်မှန်းထားတာထက် အနည်းငယ်ပိုသွားခဲ့ပေမယ့် နှစ်ယောက်လုံးစိတ်ကျေနပ်ခဲ့ရပါတယ်။ နှစ်ဖက်မိဘတွေကလည်း ကိုယ်တွေနှစ်ဦး စီစဉ်တာကို သဘောကျခဲ့ပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords