ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်တို့ရဲ့ တောင်းရမ်းစေ့စပ်မင်္ဂလာ Honest Review

by: Phyo Pyae Thu
 0 comments  1 love

စတွေ့တာကတော့ (၂၀၁၄) ခုနှစ်မှာ စတွေ့ဖြစ်တာပါ။ သတို့သားက အမထက် (၆) နှစ်လောက် ငယ်တာပေါ့။ စတွေ့တာကတော့ နှစ်ယောက်စလုံးက အင်ဂျင်နီယာပဲ။

စုံတွဲလေးတို့ရေ နှစ်ယောက်စလုံး ချစ်သူဘဝကနေ အကြင်လင်မယားအဖြစ် သတ်မှတ်မယ်ဆိုရင်တော့ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်း ဖန်တီးပြီးရင် နှစ်ဖက်မိဘတွေ စေ့စပ်မှုနဲ့ ရှေ့ဆက်လှမ်းကြရမယ်မလား။ ဒီတော့ တောင်းရမ်းစေ့စပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲဆိုတာ သိထားသင့်တယ်နော်။ စီနီယာတွေရဲ့ တောင်းရမ်းစေ့စပ်ပွဲ Review လေးအကြောင်း သိထားသင့်တာမို့ ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်တို့ရဲ့ တောင်းရမ်းစေ့စပ်မင်္ဂလာ Honest Reviewအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

ပြင်ဆင်ပုံ

သတို့သားဝတ်စုံ – Capital Hypermarket သာကေတနှင့်တိုက်ပုံ လစ်ဘရယ် man wearအပ်ချုပ်ဆိုင် ဗိုလ်ချုပ်ဈေး သတို့သမီးဝတ်စုံ – ယဉ်ယဉ်ထွေး အိနြေ္ဒဖက်ရှင် သတို့သမီး မိတ်ကပ်ဆံပင် – ဆုထိုက်အလှပြင်ဆိုင် အစားအသောက် – ဖိုးထောင်ထမင်းဆိုင် သတို့သမီးလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၊ ညီမများတပည့်တွေနဲ့ ဝိုင်းဝန်းကူညီပေးကြပါတယ်။  စေ့စပ်လက်စွပ် – ရွှေပွင့်လွှာရွှေဆိုင် ဗိုလ်ချုပ်ဈေးသစ်ဆိုင်ကပါ။

 

တောင်းရမ်းစေ့စပ်ပုံ

စေ့စပ်ပွဲအခမ်းအနားမှူး – သတို့သမီးအဖိုးဦးတင်ဝင်း သတို့သားဘက်မှ ကမ်းလှမ်းစကားပြောသူ – ဦးမြင့်ဦး သတို့သားရဲ့ အကိုဝမ်းကွဲအကြီးဆုံး ကျောင်းဆရာ သတို့သမီးဘက်လက်ခံသူ – သတို့သမီးအဖိုးဦးတင်စိုး တရားလွှတ်တော်ရှေ့နေ ရပ်မိရပ်ဖ သြဝါဒစကားပြောသူ – ဦးသောင်းထွန်း သတို့သမီးအဒေါ်မှ သတို့သားဆီ စေ့စပ်လက်စွပ်ဆင်မြန်း ၊သတို့သားအမေကနေ သတို့သမီးသို့ စေ့စပ်လက်စွပ်ဆင်မြန်းဝတ်ပေးပါတယ်။

သတို့သားအမေနဲ့ ဦးလေး၊ အဒေါ် ၊ဆရာ ၊ ဆရာမများနဲ့ အမများက သိုက်သိုက်ဝန်းဝန်းလာရောက်တောင်းရမ်း တင်တောင်းပြီး ငွေကြေးစကားမဆိုပဲ မေတ္တာတရားနဲ့ပဲတောင်းခြင်းဖြစ်ပြီး သတို့သမီးလေး စိတ်ကြိုက်မင်္ဂလာဆောင်ပွဲများ ပြုလုပ်ကျင်းပပေးမယ်ပြောပြီ စရိတ်များကို အစအဆုံးတာဝန်ယူကြောင်းကို မြန်မာ့ရိုးရာအတိုင်း ရွှေငှက်ပျောနှင့်ကန်တော့ပွဲ ၊အမွှေးခွက် ကွမ်း၊ လက်ဖက်စုံအပြင် မင်္ဂလာစရိတ်အဖြစ် ဘဏ်စာအုပ်များနဲ့ တင်တောင်းပါတယ်။

သတို့သမီးရဲ့အုပ်ထိန်းသူ အဒေါ်နဲ့ ဆွေမျိုးများ ရပ်မိရပ်ဖများထံမှ တောင်းရမ်း သတို့သမီးဘက်မှ လက်ခံစကားပြောပေးသူ – ဘဘဦးတင်စိုး တရားလွှတ်တော်ရှေ့နေမှ အချက်(၃)ချက်ဖြင့်လက်ခံ (၃.၁၁.၂၀၁၉) (sunday)သတို့သမီးအိမ်မှာတောင်းရမ်းစေ့စပ်ကြပါတယ်။ ပန်းအလှအိုး – သတို့သားကိုယ်တိုင်ထိုးပေးပြီး လက်ကိုင်ပန်း ကတောာ့ သတို့သမီးညီမအရင်းစည်းပေးတာပါ။ ကျွေးမွေးဧည့်ခံတာကတော့  ဖိုးထောင်မြန်မာထမင်းဆိုင် ကြက်သားပေါင်း ငါးကြင်းကြော်နှပ် ကျောက်ပွင့်သုပ် အစိမ်းကြော် ပဲကုလားဟင်း ငပိရည်တို့စရာနဲ့ ဧည့်ခံပါတယ်။ အချိုပွဲအနေနဲ့ကတော့- ဖိုးထောင်ဆိုင်ကပဲ ထန်းသီးကျောက်ကျော မှာပါတယ်။

 

Photo & Video service ကတော့  မဆွေ(ခ)သုတနိုင် (Swe Swe Photo & Video Service) ဈေးနှုန်းအသက်သာဆုံး မနက်(၈) ကနေ  နေ့လည်(၁)နာရီထိ မညည်းမညူ ရိုက်ပေးပြီး outdoorထွက်ဖို့ခေါ်တာတောင် ပင်ပန်းလို့မလိုက်နိုင်ပါဘူး။

နှစ်ယောက်သား ဆုံတွေ့ဖြစ်ခဲ့ပုံလေး

စတွေ့တာကတော့ (၂၀၁၄) ခုနှစ်မှာ စတွေ့ဖြစ်တာပါ။ သတို့သားက အမထက် (၆) နှစ်လောက် ငယ်တာပေါ့။ စတွေ့တာကတော့ နှစ်ယောက်စလုံးက အင်ဂျင်နီယာပဲ။ ကိုယ်က Design Engineer သူက Site Engineer ဆိုတော့ ကိုယ်ဆွဲတဲ့ ဒီဇိုင်းကို သူက ဆောက်ပေးရတာမျိုးပေါ့။ (၂၀၁၇) မှာ ချစ်ခွင့်ပန်ပြီး လက်ထပ်ဖို့ တိုင်ပင်စီစဉ်ဖြစ်ခဲ့ကြတာပါ။

စုံတွဲလေးတို့ရေ Honest Review လေး ဖတ်ထားနော်။

photo: YuYuNandarAung

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords