ဒေါက်တာပြည့်ပိုင်ဟိန်းနဲ့ ဒေါက်တာမေသူဇင်တို့ရဲ့လက်မှတ်ထိုး၊ မင်္ဂလာဆွမ်းကျွေးနဲ့ ညစာစားပွဲ Review

by: Phyo Pyae Thu
 0 comments  0 love

ဒီလောက်ဆို ကိုယ်တွေရဲ့ တွေ့ရကြုံရတာလေးတွေကို မူတည်ပြီး အစ်မ ညီမလေးတွေ အတွက် ဆောင်သင့် ရှောင်သင့်တာလေးတွေ idea ရသွားဖို့ အတွက် share လုပ်လိုက်ပါတယ်နော်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်တော့မယ်ဆိုရင် မင်္ဂလာပွဲတစ်ပွဲ ကျင်းပတာအပြင် မင်္ဂလာလက်မှတ်ရေးထိုးတာ၊ မင်္ဂလာဦးဆွမ်းကျွေးပွဲ လုပ်တာမျိုးတွေလည်း ရှိပါတယ်။ မင်္ဂလာပွဲအပြင် လက်မှတ်ရေးထိုးတာ၊ ဆွမ်းကျွေး ကျွေးတာကလည်း ပြင်ဆင်ရတဲ့ အပိုင်းတွေပဲမို့ ဘယ်လို ပြင်ဆင်ခဲ့တာ ဆိုတာလေး သိထားရင် စီစဉ်ရတာ ပိုပြီး အဆင်ပြေမှာပါ။ ဒီတော့ စီနီယာ ဖြစ်တဲ့  ဒေါက်တာပြည့်ပိုင်ဟိန်းနဲ့ ဒေါက်တာမေသူဇင်က သူတို့ရဲ့ မင်္ဂလာလက်မှတ်ထိုး၊ မင်္ဂလာ ဆွမ်းကျွေးနဲ့ ညစာစားပွဲမှာ စီစဉ်ခဲ့တာနဲ့ ပတ်သက်ပြီး Honest Review လေးတွေ သိထားသင့်တယ်နော်။

စေ့စပ်ပွဲ

 Wedding အတွက် စစီစဉ်တာ January 19 က Wedding လုပ်မှာ ဆိုတော့ အချိန်က (၅ ) လလောက်ပဲရပါတယ်။ စေ့စပ်ပွဲလေးကလည်းလုပ်ချင်သေးတာဆိုတော့ 18 November 2018 ရက်ရွေးလိုက်တယ် ပွဲတွေကတော့ ကပ်ကုန်တာပေါ့နော်။ စေ့စပ် ပွဲကိုလည်း Royal Garden Sule branch မှာလုပ်ပြီး ဓါတ်ပုံကတော့ Kaung Set  ရိုက်ဖြစ်ပါတယ်။ သတို့သမီး မိတ်ကပ်ကတော့ Topfy Shineပါ။  Make up ကို အရမ်းသဘောကျပေမဲ့ Hair လုပ်ပေးသွားတာက Dress နဲ့ တော်တော် မလိုက်ဘူး ဖြစ်သွားပါတယ်
ဝတ်စုံကတော့  Forever ကငှား ဖြစ်ပါတယ် Promotion နဲ့ မို့လို့(၃) သိန်းဝန်းကျင် ပေးရပါတယ်။

မင်္ဂလာလက်မှတ်ရေးထိုးခြင်း

လက်မှတ်ထိုးတာကိုတော့ (၁၀.၁.၂၀၁၉) ရက်နေ့မှာ အနောက်တိုင်းခရိုင်တရားရုံးမှာပဲ ထိုးဖြစ်တယ်။ အသိသက်သေကတော့ ယောင်းမလင်မယားက လုပ်ပေးပါတယ်။ လက်မှတ်ထိုးပပွဲအတွက် ဓါတ်ပုံကတော့ Ko Htoo Aung Kyaw ပါ။ အရမ်းစေတနာပါတဲ့အပြင် အချိန်တိကျပြီး ရိုက်ချက်လေးတွေအရမ်းလှလို့ ရိုက်ခဲ့သမျှထဲမှာ ကိုယ်တွေလင်မယား သူ့ကို စိတ်တိုင်းအကျဆုံးပါ။ Make up ကတော့ ကိုယ်အရမ်း ကြိုက်တဲ့ Kyar Nyo ပါ။ ဝတ်စုံကတော့  Designer Naw Naw ပါ။ Cream ရောင် ချိတ်လေးကို ယဉ်ယဉ်လး နဲ့ ပါဝါ ကို Design ဖော်ပေးထားတာ အရမ်းကြိုက်မိပါတယ်။

မင်္ဂလာဆွမ်းကျွေး

မင်္ဂလာဆွမ်းကျွေးကတော့ ရွှေအိုးသာသနာတိုက် ကျောင်းမှာ လုပ်ဖြစ်ပါတယ်။  သံဃာအပါး (၃၀၀)ကျာ်ရှိလို့ အဓိကကသံဃာတွေကို သေချာ ဆွမ်းကပ်ချင်လို့ အဲ့ဒီကျောင်းလေးကိုရွေးဖြစ်တာပါ။ ဓါတ်ပုံ က Htoo Aung Kyaw ပါပဲ။ကြိုက်လို့ လက်မလွှတ်နိုင်ဘူး။ Make up ကတော့ Jet Jet ပါ။ လုံးဝ ပုံပြောင်းအောင် ပြင်ပေးနိုင်ပါတယ်။ အရမ်းလည်း သဘောကျပါတယ်။ ဝတ်စုံကတော့ Designer Naw Naw နဲ့ ချုပ်တာပါ။ အချိန်တိုအတွင်း အဆင်ပြေအောင် စေတနာအပြည့်နဲ့ လုပ်ပေးနိုင်တဲ့သူပါ။ ပွဲလာတဲ့သူတွေကလည်း ဝတ်စုံလေးလှလို့ ချီးကျူးကြပါတယ်။

မင်္ဂလာညစာစားပွဲ

Wedding ပွဲကြီးကိုတော့ (၁၉.၁.၂၀၁၉)   Western Park Ruby ပြည်သူ့ရင်ပြင်မှာ လုပ်ဖြစ်ခဲ့ပါတယ်။ အစားအသောက်လည်း လုပ်ကောင်းတယ်။ ဧည့်သည်(၆၅၀) အတွက်ကို အပိုအလိုမရှိ လုပ်ပေးနိုင်တယ်။ Make up ကတော့ Jet Jet ပါ။ အရမ်းသဘောကျပါတယ်။ သတို့သမီးကို အဝတ်အစားဝတ်ပေးတာကိုတော့ သူတို့ဝတ်ပေးနေကျမဟုတ်ဘူး။ ဝတ်စုံဆိုင်(Forever) ဘက်က လိုက်ဝတ်ပေးရမှာ ဒါပေမယ့် ဝတ်ပေးလိုက်ပါမယ့်ဆိုတဲ့ အပြောမျိုးလေးတွေကိုတော့ သဘောမကျဘူးပေါ့နော်။ အဲဒါက Jet Jet ရဲ့ တပည့်က ပြောတာပါ။ကိုယ်က မိတ်ကပ်သမားတွေ ဝတ်ပေးတယ်လို့ပဲ သိထားလို့ပါ။ ဝတ်စုံကတော့ နှစ်စုံလုံး Forever ကပါ။ အဖြူရောင်ဝတ်စုံလေးကတော့ လုံးဝမငှားရသေးတဲ့ အသစ်လေးပါ။ Promotion နဲ့မို့ (၂) စုံကိုမှ (၁၁) သိန်းဝန်းကျင်ပဲ ကျပါတယ်။ ဓါတ်ပုံကတော့ Studio Aပါ။ အချိန်တိကျပြီး စေတနာ ပါလွန်းပါတယ်။ Night Scenes outdoor ကို အရမ်းလှအောင် ရိုက်ပေးနိုင်လို့ အရမ်းကျေနပ်ရပါတယ်။

ခန်းမ၊ နေရာရွေးဖြစ်ခဲ့ပုံ

အစတုန်းကတော့ မင်္ဂလာပွဲကို (၂၀၁၉) မေ လ လောက်မှာ လုပ်ချင်တာပေါ့နော်။ နှစ်ယောက်စလုံးက Chinese တွေပဲဆိုတော့ မင်္ဂလာပွဲကို ညစာစားပွဲ ပွဲကြီးလုပ်မယ် စိတ်ကူးလိုက်တာ။ ဒါနဲ့ ခန်းမနေရာတွေ စုံစမ်းတော့ တရုတ် Dinner ကောင်းတာဆိုရင် Western Park လောက်ပဲ ရှိတာ အဲဒါနဲ့ Western Park မှာ လုပ်မယ်လို့ စိတ်ကူးဖြစ်သွားတယ်။ ဒါပေမယ့် တရုတ်စုံတွဲတော်တော်များများက အဲ့မှာပဲ လုပ်တာဆိုတော့ ရိုးနေမလားဆိုပြီး Outdoor လုပ်မလားစဉ်းစားဖြစ်ပြီး Western Park Rubyမှာပဲ booking တင်ဖြစ်တယ်။ Outdoor ဆိုတော့ မေလမှာ ပွဲလုပ်ရင် မိုးကစရွာတတ်ပြီဆိုတော့ (၂၀၁၉) ဇန်နဝါရီလကိုပဲ ရွေ့လိုက်တာပေါ့နော်။

ချစ်သူသက်တမ်း

ချစ်သူသက်တမ်း (၄) နှစ်နဲ့ (၈) လကြာမှ လက်ထပ်ပပွဲလေး ကျင်းပကြတာပါ။

ဒီလောက်ဆို ကိုယ်တွေရဲ့ တွေ့ရကြုံရတာလေးတွေကို မူတည်ပြီး အစ်မ ညီမလေးတွေ အတွက် ဆောင်သင့် ရှောင်သင့်တာလေးတွေ idea ရသွားဖို့ အတွက် share လုပ်လိုက်ပါတယ်နော်။

Rating

Pre wedding causual photos
Kaung Sat photography *****
Make Up & Hair Kyar Nyo *****
Engagement photos ( purple mermaid gown )
Kaung Sat photography *****
Make Up & Hair Shane ****
Dress Forever *****

လက်မှတ်ထိုးပွဲ
Htoo Aung Kyaw Photography *****
Make Up & Hair Kyar Nyo *****
Dress Designer Ma Naw *****

ဆွမ်းကျွေး
Htoo Aung Kyaw Photography *****
Make Up & Hair Jet Jet *****
Dress Designer Ma Naw *****

Wedding
Photography & Video Studio A *****
Make Up & Hair Jet Jet *****
Dress Forever *****

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords