Advertisement

 ဒေါက်တာသက်ပိုင်ဇင်နဲ့ မဇွန်ထက်ထက်လင်းတို့ရဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ လက်မှတ်ထိုးခဲ့တဲ့အကြောင်းလေး ဖော်ပြလိုက်ပါတယ်နော်

Marry က မင်္ဂလာဆောင်မယ့် မောင်နှံလောင်းလေးတို့ရေ မင်္ဂလာပွဲကြီး မလုပ်ခင်မှာ တရားဝင်အကြင်လင်မယားအဖြစ် သတ်မှတ်တဲ့အနေနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေး လုပ်ကြတယ်မလား။ မင်္ဂလာလက်မှတ်ရေးထိုးတယ်ဆိုတာ စုံတွဲလေးတို့ရဲ့ အချစ်ကို  ပြသနိုင်ဖို့အတွက် အကောင်းဆုံး သက်သေတစ်ခု ဖြစ်တာမို့ အရမ်းအရေးကြီးပါတယ်နော်။ ဒီတော့ မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်တဲ့ Honest Review လေးတွေ သိထားသင့်ပါတယ်။ Honest Review လေး အနေနဲ့ ဒေါက်တာသက်ပိုင်ဇင်နဲ့ မဇွန်ထက်ထက်လင်းတို့ရဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ လက်မှတ်ထိုးခဲ့တဲ့အကြောင်းလေး ဖော်ပြလိုက်ပါတယ်နော်။

ချစ်သူသက်တမ်း

အမတို့က  Charity Group တစ်ခုမှာ စပြီး တွေ့ခဲ့ကြတာ။ ချစ်သူသက်တမ်း(၈) နှစ်မှာ လက်ထပ်ဖြစ်ခဲ့တာပါ။

လက်မှတ်ထိုးခဲ့တဲ့ တရားရုံး

လက်မှတ်ထိုးတာက အစကတော့ High Court ကို စဉ်းစားပေမယ့် လူများမှာစိုးတာနဲ့ အနောက်ပိုင်းခရိုင်တရားရုံးကိုပဲ ရွေးချယ်လိုက်တယ်။ 16-5-2019 ရက်နေ့မှာ အနောက်ပိုင်းခရိုင်တရားရုံးမှာပဲ လက်မှတ်ထိုးခဲ့တာပါ။ မနက် (၉) နာရီလောက် ရောက်အောင်သွားပြီး  Register လုပ်ပြီး တရားသူကြီးလာရင် လက်မှတ်ထိုးရုံပါပဲ။ တံဆိပ်ခေါင်းကပ်ပြီးသား စာချုပ်၊ မှတ်ပုံတင်မူရင်း၊မိတ္တူနဲ့ အသိသက်သေ (၂) ယောက် ပါရင် ရပါပြီ။ တရားရုံး မသွားခင် မနက်စောစောကိုတော့ ရွှေတိဂုံမှာ ဓါတ်ပုံတွေ အများကြီး ရိုက်ခဲ့သေးတယ်။

 မိတ်ကပ်

မိတ်ကပ်ကတော့ မိတ်ကပ်မေမိုးပါ။ ပြင်ထားတဲ့ပုံလေးတွေ ကြည့်ပြီး ပွဲကြီးနေ့အတွက် အပ်ဖြစ်တာကနေ လက်မှတ်ထိုးတဲ့နေ့အတွက်ပါ အစမ်းပြင်ဖြစ်ခဲ့တာပါ။ အစမ်းပြင်တာနဲ့တင် လက်ရာကို တော်တော်လေး ကြွေနေ ကြိုက်နေပါပြီ။

ဓါတ်ပုံ

ဓါတ်ပုံကတော့ H&S photography ပါ။ လက်မှတ်ထိုးပွဲအတွက် စပြီး စဉ်းစားရွေးချယ်ကတည်းက သူရိုက်ထားတဲ့ ပုံတွေကြည့်ပြီး ကြိုက်လွန်းလို့ (၅) လလောက်အလိုကတည်းက Booking တင်ခဲ့တာပါ။ မနက် (၇) နာရီလောက်ကတည်းက ရွှေတိဂုံဘုရားမှာ  Angle လှလှလေးတွေနဲ့ ရိုက်ပေးတယ်။ တရားရုံးရောက်တော့လည်း စိတ်ရှည်လက်ရှည်နဲ့ Pose လေးတွေပါ သင်ပေးပြီး တောက်လျှောက်ရိုက်ပေးတာ ကိုယ်တွေတောင် နေပူပြီးပင်ပန်းလာလို့ တော်ရအောင်လေ ပြောယူရတယ်။ အဆင်ပြေလွန်းခဲ့တာက အဲဒီနေ့ မှာပဲ ပုံတင်ချင်လို့ ပုံလေးနည်းနည်းလိုချင်ပါတယ် ပြောတာနဲ့ ရအောင်ပုံတွေပြင်ပြီး ပို့ပေးတာ။ ဖြစ်ချင်တော့ အဲဒီနေ့က ရန်ကုန်မှာ မီးတွေပျက်နေတဲ့ နေ့ဖြစ်နေတာတောင် ရအောင် ပုံလေးတွေ ပို့ပေးလို့ ပိုပြီးကျေးဇူးတင်ရပါတယ်။  ပုံတွေ ရလာတော့လည်း ပြန်ကြည့်တိုင်း ကျေနပ်ရလွန်းပါတယ်။ ဓာတ်ပုံရိုက်တဲ့ တစ်ချိန်လုံးရော ပုံလေးတွေရလာတော့ရော Client ကို စေတနာဘယ်လောက်ပါတယ်ဆိုတာမြင်ရလို့ H & S Photography ကို Double 5 stars ပးချင်ပါတယ်။

လက်ထပ်စာချုပ်

 လက်ထပ်စာချုပ်ကတော့ မြင်သာ ကနေ ယူခဲ့တာပါ။ မြင်သာကို ရွေးဖြစ်ခဲ့တာက Wedding Fair မှာ တွေ့ကတည်းက သေချာတဲ့ ရှင်းပြပေးတဲ့ Service ကို သဘောကျပြီး ရွေးဖြစ်ခဲ့တာပါ။လက်ထပ်စာချုပ်ဒီဇိုင်းသွားရွေးတော့လည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြ ဒီဇိုင်းလေးတွေ ပြောပြ နဲ့ တော်တော်လေးအဆင်ပြေခဲ့ပါတယ်။ ကိုယ်တွေက ရှိပြီးသားဒီဇိုင်းတွေကို မယူပဲ ကိုယ့် ဒီဇိုင်းလေးနဲ့ကိုယ် ဖြစ်ချင်တယ်ဆိုလို့ ပြောတဲ့ ဒီဇိုင်းရော သုံးချင်တဲ့ Accessories လေးကအစ အဆင်ပြေအောင် ရှာပေး သုံးပေးခဲ့လို့ မြင်သာက ညီမလေး အိချစ် ကိုလည်းကျေးဇူးတင်ရပါတယ်။
တစ်သက်တာ မှတ်တမ်းသက်သေလေးကို ကိုယ့်စိတ်ကြိုက်ပုံစံလေးနဲ့ လှလှပပ လေး ဖြစ်စေခဲ့လို့  မြင်သာ ကိုလည်း 5 Stars ပေးချင်ပါတယ်။

Rating

 မိတ်ကပ် – မေမိုး (5 star*****)
ဓါတ်ပုံ-  H&S photography  (5 star*****)
လက်ထပ်စာချုပ်-  မြင်သာ (5 star*****)

Marry က ပရိသတ်ကြီးလည်း အနောက်ပိုင်းခရိုင်တရားရုံးမှာ လက်မှတ်ထိုးမယ်ဆိုရင် စီနီယာတွေရဲ့ Honest Review လေး ဖတ်ထားဖို့ လိုတယ်နော်။

Comments

0 comments