အနောက်တိုင်းဂါဝန်လက်ပြတ် ဝတ်မယ့် သတို့သမီးလေးတို့ သိရမယ့်အရာ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာဆောင်မှာ လက်ပြတ်အနောက်တိုင်းဂါဝန် ဝတ်မယ့် သတို့သမီးလေးတို့အနေနဲ့ Marry က ပြောပြထားတဲ့အချက်လေးတွေ လုပ်ပေးနော်။ ဒါမှ ပွဲနေ့မှာ ယုံကြည်မှုရှိရှိ ဖြစ်မှာပါ။

သတို့သမီးလောင်းလေးတို့ရေ လက်ပြတ်အနောက်တိုင်းဝတ်စုံ ဝတ်မယ်ဆိုရင်တော့ ပွဲမှာ လှနေဖို့အတွက် ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ဒါမှလည်း လက်ပြတ်ဝတ်ထားလို့ မဝံ့မရဲ ဖြစ်တာမျိုးတွေ မရှိမှာပါ။ ဒီတော့ လက်ပြတ်အနောက်တိုင်းဂါဝန်နဲ့ မင်္ဂလာဆောင်မယ့် သတို့သမီးလေးတွေ သိထားရမယ့် အချက်လေးတွေ ဖော်ပြလိုက်ပါတယ်။

ဝတ်စုံရွေးချယ်တဲ့အခါမှာ

သတို့သမီးလောင်းလေးတို့ရေ လက်ပြတ်အနောက်တိုင်းဂါဝန်ဝတ်စုံ ရွေးချယ်တဲ့အခါမှာ သေချာ ရွေးဖို့ လိုပါတယ်။ လက်ပြတ်မှာမှ ပခုံးထိ အပြည့် လက်ပြတ်လည်း ရှိသလို ပခုံးထိ အပြည့်မဟုတ်တဲ့ လက်ပြတ် အမျိုးအစားလည်း ရှိပါတယ်နော်။ သတို့သမီးလေးတို့ အဲဒီ (၂) စုံလုံးကို စမ်းဝတ်ကြည့်ပါ။ ကိုယ်က ပခုံးကျယ်တဲ့သူဆိုရင် လက်ပြတ် အပြည့်ယူတာက လူကို ပိုဝနေသယောင် ထင်စေနိုင်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်ပါ။

ဝတ်စုံရွေးချယ်တဲ့အခါမှာ (photo: The Knot)

ဒီဇိုင်း

သတို့သမီးလောင်းလေးတို့ရေ ဝတ်စုံရဲ့ လက်ပြတ်ဒီဇိုင်းနဲ့ ချုပ်ရိုးပေါ် မူတည်ပြီး လက်မောင်းအောက်ဘက်အသားတွေ အပြင်ကို ထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဝတ်စုံအပ်တဲ့အခါပဲဖြစ်ဖြစ် ချုပ်ပြီးသားရွေးတဲ့အခါ လက်မောင်းအောက်ဘက် အဆီသားတွေပါ အံဝင်ဂွင်ကျ ဖြစ်တာကို ရွေးပါ။ မဟုတ်ရင် ချပ်ချပ်ရပ်ရပ်လေး မလှနိုင်ပါဘူး။

လက်ပြတ်ဝတ်မယ်ဆိုရင် (photo: The Knot)

လက်ပြတ်ဝတ်မယ်ဆိုရင်

သတို့သမီးလောင်းလေးတို့ လက်ပြတ်ဝတ်မယ်ဆိုရင် ချိုင်းကြား အသားအရေ ကောင်းမွန်နေဖို့ လိုပါတယ်နော်။ ဒါမှ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိမှာပါ။ သတို့သမီးလေးတို့ ချိုင်းမှာရှိတဲ့ အမွှေးအမျှင်တွေကို waxing လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ waxingတာက အမွှေးအမျှင်တွေကို ဖယ်ရှားပေးမှာပါ။ နောက်ပြီး ချိုင်းကြားအသားအရေ ဖြူဖွေးနေဖို့ ရေချိုးခါနီး သံပုရာသီး ပွတ်ပေးဖို့လည်း မမေ့နဲ့နော်။ ဒီလိုဆိုရင် ပွဲနေ့မှာ အဆင်ပြေနေမှာပါ။

လက်မောင်းသားကျစ်အောင်

လက်ပြတ်ဝတ်မယ့် သတို့သမီးလေးတို့အနေနဲ့ လက်မောင်းသားလေးတွေ ကျစ်နေအောင် လုပ်ထားသင့်ပါတယ်။ ဒါမှ သေးသွယ်တဲ့ လက်မောင်းလေးနဲ့ လှပနေမှာပါ။ သတို့သမီးလောင်းလေးတို့ gym မှာ ဆော့တာ ဒါမှမဟုတ် အိမ်မှာပဲ လက်မောင်းအတွက် လေ့ကျင့်တာမျိုးလေး လုပ်ပေးပါ။ ဒါဆိုရင် လက်မောင်းသားကျစ်ကျစ်လေး ဖြစ်မှာပါ။

မင်္ဂလာဆောင်မှာ လက်ပြတ်အနောက်တိုင်းဂါဝန် ဝတ်မယ့် သတို့သမီးလေးတို့အနေနဲ့ Marry က ပြောပြထားတဲ့အချက်လေးတွေ လုပ်ပေးနော်။ ဒါမှ ပွဲနေ့မှာ ယုံကြည်မှုရှိရှိ ဖြစ်မှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles