မင်္ဂလာဝတ်စုံကို အသင့်ရှိပြီးသား ဝယ်ယူဝတ်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာဝတ်စုံကို အသင့်ချုပ်ပြီးသား ရွေးချယ် ဝယ်ယူမယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေကို မမေ့ပစ်လိုက်နဲ့နော်။ ဒါမှ ကွက်တိကျတဲ့ ဝတ်စုံရမှာပါ။

သတို့သမီးလောင်းလေးတို့ရေ ခုနောက်ပိုင်းမှာ မင်္ဂလာဝတ်စုံကို ဒီဇိုင်နာနဲ့ အပ်တာမျိုး မဟုတ်ဘဲ ဆိုင်မှာ အသင့်ရှိပြီးသား ဝတ်စုံကိုပဲ ရွေးချယ် ဝတ်ဆင်တာမျိုးလည်း ရှိပါတယ်။ အများစုကတော့ အနောက်တိုင်းဂါဝန်တွေပါ။ အနောက်တိုင်း ဂါဝန်တွေက ဆိုဒ်မျိုးစုံ၊ အရောင်မျိုးစုံနဲ့ အသင့်ရှိကြပါတယ်။

ဆိုဒ်ရွေးချယ်တာ

အသင့်ရှိပြီးသား ဝတ်စုံကို ရွေးချယ်ဝတ်ဆင်တဲ့အခါမှာ အဓိကကတော့ ဆိုဒ်ရွေးချယ်မှု မှန်ကန်မှုရှိဖို့ အရေးကြီးပါတယ်။ ဆိုဒ်က xs,s,m,l အစရှိသလို လာတာဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျအောင် ချုပ်ထားတာ မဟုတ်လို့ ကွက်တိကျဖို့ဆိုရင် ဆိုဒ်ရွေးပြီးနောက်မှာ ပြန်ပြီး ကျဉ်းတာ၊ ကျယ်တာတွေ လုပ်ဖို့ လိုပါတယ်။ ဆိုင်က တစ်ခါတည်း လုပ်ပေးတဲ့ဆိုင်ကိုသာ ရွေးပါ။

ဆိုဒ်ရွေးချယ်တာ

 သေချာစမ်းဝတ်ပါ

စုံတွဲလေးတို့ရေ အစမ်းသေချာ ဝတ်ကြည့်ဖို့ လိုပါတယ်။ ဆိုင် တဆိုင်မှာ ဘယ်နှစ်စုံအထိ အစမ်းပေးဝတ်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတတ်ပါတယ်။ အဲဒါကို သေချာ မေးပါ။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့အရောင်ကိုပါ တခါတည်း ပြောပြီး အစမ်းဝတ်ပါ။ ဘယ်လောက် ဝတ်ရ ချွတ်ရ ခက်ခက် အစမ်းဝတ်ပါ။

အချိန်အစောကြီး မဝယ်ထားပါနဲ့(photo: All4Women)

စိတ်ကို အေးအေးထားပါ

သတို့သမီးလောင်းလေးတို့ မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါမှာ ဖြစ်တတ်တဲ့အမှားကတော့ စိတ်လောတာပါ။ ဝတ်စုံလှလှလေးတွေ မြင်ပြီးတော့ ဟိုဟာဝယ်ရ ကောင်းနိုးနိုး၊ ဒီဟာယူရကောင်းနိုးနိုးနဲ့ စိတ်တွေ ရှုပ်လာတတ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်တကယ်မကြိုက်တာတွေ ဝယ်မိတတ်သလို ဝယ်ပြီးတော့မှ သိပ်မကြိုက်တော့သလိုလည်း ခံစားရတတ်ပြန်ပါတယ်။ အဲဒါကြောင့် စိတ်ကို အေးအေးထားပါ။ ကြိုက်တာတွေ များနေရင်လည်း ဓါတ်ပုံလေး ရိုက်သွားပြီး သေချာ ပြန်စဉ်းစားပြီးမှ ဝယ်ပါ။

သေချာစမ်းဝတ်ပါ (photo: Your Local Wedding Guide)

Accessories တွေ ယူသွားပါ

အသင့်ရှိပြီးသား ဝတ်စုံနဲ့ ကိုယ်က ကွက်တိကျနေဖို့ဆိုရင် သုံးမယ့် Accessories တွေပါ တခါတည်း ရွေးချယ်သွားပါ။ ဒါမှ အားလုံးနဲ့ ကွက်တိအံဝင်ခွင်ကျ ဖြစ်မှာပါ။ တချို့က ဝတ်စုံချည်းပဲ ဝယ်လာပြီး နောက်မှ သုံးမယ့် Accessories တွေနဲ့ မကိုက်ညီလို့ စိတ်ညစ်ရတာတွေ ရှိတာကြောင့်ပါ။

အချိန်အစောကြီး မဝယ်ထားပါနဲ့

မင်္ဂလာဝတ်စုံကို ဒီဇိုင်နာ အပ်ပြီး ချုပ်မယ်ဆိုရင်တော့ အချိန်အကြာကြီး စောင့်ရတာမို့ ကြိုတင်ပြီး အပ်နှံရွေးချယ်ကြပေမယ့် အသင့်ချုပ်ပြီးသား ဝယ်မယ်ဆိုရင်တော့ ဝယ်ယူမယ့်ဆိုင်လေးတွေပဲ အရင်ရှာထားပါ။ ဒီဇိုင်းအသစ်တွေ ထပ်ထွက်လာဦးမှာမလို့ အချိန်အစောကြီး မဝယ်ထားပါနဲ့ဦးနော်။

စုံတွဲလေးတို့ မင်္ဂလာဝတ်စုံကို အသင့်ချုပ်ပြီးသား ရွေးချယ် ဝယ်ယူမယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေကို မမေ့ပစ်လိုက်နဲ့နော်။ ဒါမှ ကွက်တိကျတဲ့ ဝတ်စုံရမှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords