ဒီအကြောင်းလေးတွေ သိထားပြီးမှ မင်္ဂလာဝတ်စုံ ရွေးပါနော်

by: Editor
 0 comments  0 love

သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာဝတ်စုံ ရွေးတော့မယ်ဆိုရင် အခုပြောပြထားတဲ့ အကြောင်းအရာလေးတွေကို သိထားမှ အလှဆုံးဝတ်စုံကို ရွေးနိုင်မှာနော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်ဖို့ဆိုတာ ကိုယ့်အတွက် အလှဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဝတ်စုံလေးတွေကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ အဲ့လို ရွေးနိုင်ဖို့ ဆိုတာကလည်း ဝတ်စုံဒီဇိုင်းတွေ အကြောင်း ကို သိထားဖို့လိုသလို၊ ဘယ်ဝတ်စုံလေးက ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာလေးကိုပါ သိထားဖို့ လိုပါတယ်။ အဲ့ဒိတော့ မင်္ဂလာဝတ်စုံလေးတွေရဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုးနဲ့ ဘယ်လိုသတို့သမီးလေးတွေက ဘယ်ဒီဇိုင်းကို ရွေးချယ်သင့်သလဲဆိုတာ Marry က ပြောပြပေးမယ်နော်။

A Line

A Line

A line အမျိုးအစား ဂါဝန်တွေကို မင်းသမီးဂါဝန် (Empress Dress) လို့လည်း ခေါ်ပါတယ်။ ခါးရဲ့ အကွေ့အဝိုက် နေရာတွေကို ဖျောက်ထားပြီး ပခုံးကနေ အောက်ခြေဆီကို တဖြောင့်တည်း ကားဆင်းသွားတဲ့ ချုပ်ရိုးချုပ်သား ပုံစံ ဖြစ်ပါတယ်။ ခါးတုတ်ပြီး ဗိုက်ပူတဲ့ သတို့သမီးလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။

Ball Grown

 

Ball Grown လေးတွေကတော့ သတို့သမီးလေးတွေနဲ့ မစိမ်းတဲ့ ဒီဇိုင်းလေးပါနော်။ စင်ဒရဲလား မင်းသမီးလေးကို သိတယ်ဆိုရင် Ball Gown ဂါဝန်လေးတွေကိုလည်း ရင်းနှီးနေမှာပါ။ ချစ်စရာကောင်းတဲ့ ဂါဝန်လုံးလုံးဖားဖားကြီးတွေ ဖြစ်ပြီး မင်္ဂလာဝတ်စုံ အဆန်ဆုံး ဒီဇိုင်းတွေလည်း ဖြစ်ပါတယ်။ ဒီဝတ်စုံတွေရဲ့ အားသာချက်ကတော့ လက်ရှည်၊ လက်ပြတ်၊ လက်စက၊ လက်မဲ့ နှစ်သက်ရာ လက်ဒီဇိုင်းတိုင်းနဲ့ လိုက်ဖက်တာပါပဲ။ တင်းပါးနဲ့၊ တင်ပါးဆုံရိုးကြီးတဲ့သူတွေနဲ့ ခြေသလုံး၊ ပေါင်တံ တုတ်တဲ့သူတွေနဲ့ ကိုယ်ခန္ဓာအောက်ပိုင်းက အချိုးအဆစ်တွေကို စိတ်တိုင်းမကျလို့ ဖုံးကွယ်ထားချင်တဲ့ သတို့သမီးလေးတွေ ရွေးသင့်တဲ့ ဒီဇိုင်းပါနော်။

Empire

Empire

Empire အမျိုးအစား ဝတ်စုံတွေကတော့ ရင်ဘတ်အောက်ကနေစပြီး ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေမယ့် ချုပ်ရိုးချုပ်သားနဲ့ ဖန်တီးထားတာပါ။ ခါးတစ်လျှောက်နဲ့ တင်ပါးရဲ့ အလှကို အသားကျကျ ချပ်ရပ်နေတဲ့ ပိတ်သားက မြှောက်ပင့်ပေးထားပါတယ်။ တင်ပါးအောက်ရောက်မှ ကားပြီး ကြမ်းပြင်ထိအောင် ဖားလျားကျသွားတဲ့ ဒီဇိုင်းက ဝတ်ထားတဲ့သူတိုင်းကို ဝင့်ဝင့်ကြွားကြွား လှပစေပါတယ်။ အထူးသဖြင့် ရင်သားသေးငယ်တဲ့ အမျိုးသမီးလေးတွေ ရွေးချယ်သင့်ပြီး အားသာချက်ကတော့ ခန္ဓာကိုယ် အမျိုးအစားတိုင်းနဲ့ လိုက်ဖက်နေတာပဲ ဖြစ်ပါတယ်။

Mermaid

Mermaid

Mermaid လို့ ခေါ်တဲ့ ရေသူမဂါဝန်လေးတွေကတော့ ကိုယ်ကျပ်ပုံစံတွေ ဖြစ်ပြီး ဒူးနားရောက်မှ ရေသူမရဲ့ အမြီးလို ကားဆင်းသွားတဲ့ ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင် ထင်ရှားစေတာကြောင့် ရင်ဖို လှိုက်မောဖွယ် အလှအပတွေကို ဖန်တီးပေးပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ် အကွေ့အဝိုက်တွေကို အရှိအတိုင်း ပေါ်လွင်စေတဲ့အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် ယုံကြည်မှုရှိတဲ့ မိန်းမပျိုလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

Sheath

Sheath

Sheath အမျိုးအစား ဂါဝန်တွေကတော့ တစ်ဖြောင့်တည်းသွားတဲ့ ချုပ်ရိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂါဝန်ရှည်တွေ ဖြစ်ပါတယ်။ ကိုယ်မှာကပ်နေတဲ့ ပုံစံမျိုးဖြစ်တာကြောင့် ပိန်သွယ်စေတဲ့ ပုံကို ပေါ်လွင်စေပေမယ့်လည်း ခန္ဓာကိုယ်မှာ အဆီပိုတွေ များနေသူတွေအဖို့ ရှောင်ရှားသင့်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အားသာချက်အနေနဲ့ကတော့  ခန္ဓာကိုယ်ကို ပိုပြီးရှည်လျား သွယ်လျစေနိုင်တဲ့ အတွက် အရပ်ပုတဲ့ သတို့သမီးလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းဆိုရင်လည်း မမှားပါဘူး။

မင်္ဂလာဝတ်စုံတွေအတွက် အခြေခံကျတဲ့ ဝတ်စုံဒီဇိုင်းတွေကို ဖော်ပြခဲ့တာမို့ ကိုယ်နဲ့ အလိုက်ဆုံးဖြစ်မယ့် ဝတ်စုံလေးကို မှန်ကန်စွာ ရွေးချယ်နိုင်ပါစေနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords