သတို့သမီးလေးတို့ အနောက်တိုင်းဝတ်စုံနဲ့အတူ တွဲဖက်ပြီး စီစဉ်ရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ အနောက်တိုင်း ဝတ်စုံစီစဉ်တာနဲ့ အခုပြောပြထားတဲ့ ပစ္စည်း(၄) မျိုးကို တပြိုင်တည်း စဉ်းစားနော်။  

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲကို အနောက်တိုင်းဝတ်စုံ ဝတ်ပြီး ကျင်းပမယ်လို့ စိတ်ကူးထားလား။ မနက်ခင်းပွဲ မဟုတ်ရင်တောင် မင်္ဂလာညစာစားပွဲကို အနောက်တိုင်းဝတ်စုံ ဝတ်ပြီး ကျင်းပမယ်ဆိုရင် ဝတ်စုံတစ်ခုတည်း စီစဉ်လို့ မရပါဘူးနော်။ လှပတဲ့ သတို့သမီးလေးဖြစ်ဖို့ ဝတ်စုံနဲ့အတူ လိုက်ဖက်မယ့် အရာတွေ တွဲဖက်ပြီး စီစဉ်ထားဖို့ လိုပါတယ်။ ဒါမှ သတို့သမီးလေး တစ်ကိုယ်ဆင်စာ လှပနေမှာပါ။

တွဲဖက်ပြီး စီစဉ်ရမှာတွေ (photo: /www.brideandgroomadvice.com/)

အတွင်းခံ

သတို့သမီးလေးတို့ ရွေးချယ်တဲ့ ဝတ်စုံပေါ် မူတည်ပြီး အတွင်းခံ ရွေးချယ်မှုလည်း ကွဲပြားပါတယ်။ ခန္ဓာကိုယ် အလှကို ဦးစားပေးထားတဲ့ ရေသူမလို မင်္ဂလာဝတ်စုံဆိုရင်တော့ Shaper ဝတ်ဖို့ လိုပါတယ်။ Shaper ကလည်း ရွေးချယ်မယ်ဆိုရင် အပေါ်အောင်တဆက်တည်း ဖြစ်တာကို ရွေးလို့ ရသလို အပေါ်က ဘရာစီယာ အောက်ပိုင်းကိုပဲ အပေါ်ထိရောက်တဲ့ အတွင်းခံမျိုးလည်း ရွေးချယ်လို့ ရပါတယ်နော်။ ဒါလည်း အတူတူ တွဲဖက်ပြီး စီစဉ်ထားရမှာပါ။

Veil

ခေါင်းဆောင်းပုဝါကလည်း ဝတ်စုံနဲ့ အတူ ပြင်ဆင်ထားရမယ့် ပစ္စည်းပါနော်။ ဝတ်စုံရဲ့ ပုံစံပေါ် မူတည်ပြီး ခေါင်းဆောင်းပုဝါရဲ့ ပုံစံကလည်း ပြောင်းမှာမလို့ အတူတူ ပြင်ဆင်ထားပါ။ ဝတ်စုံက ပြောင်ဆိုရင် တချို့က ခေါင်းဆောင်းပုဝါမှာ ဇာသုံးတာ၊ Bling Bling ထည့်တာမျိုး ရှိတတ်ပါတယ်။ အနောက်တိုင်း ဝတ်စုံရဲ့ ဒီဇိုင်းကို သိရတာနဲ့ ပြင်ဆင်ပါ။

Veil (photo; emujer.mx/)

Accessories

Accessories ကတော့ ဝတ်စုံရဲ့ ဒီဇိုင်းပေါ် ကြည့်ပြီး ကြီးမလား၊ သေးမလား၊ ကျောက်သုံးမလား၊ ပုလဲ သုံးမလား ဒါမျိုးတွေ စီစဉ်စဉ်းစားရမှာပါ။ ဝတ်စုံအကြောင်း စဉ်းစားရင် ဘယ်လိုကျောက်မျက်ရတနာနဲ့ တွဲဖက်ဝတ်ဆင်မလဲဆိုတာ တွေးထားပါ။

ဖိနပ် (photo: jewelryshoppingguide.com/)

ဖိနပ်

သတို့သမီးလေးတို့ ထည့်စဉ်းစားရမယ့် အရာတွေထဲမှာ ဖိနပ်လည်း ပါဝင်ပါတယ်။ ဖိနပ်က ဝတ်စုံရဲ့ အရှည်နဲ့ ပုံစံကို ကြည့်ဖို့ လိုပါတယ်။ ဂါဝန်က ဖိနပ်ကို ဖုံးထားမယ်ဆိုရင် သက်တောင့်သက်သာ ရှိမယ့် ဖိနပ်စီးလို့ ရပါတယ်။ ဖိနပ်ပေါ်တဲ့ ဝတ်စုံဆိုရင်တော့  ဖိနပ်ကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ဒေါက်အမြင့် စီးတာ၊ ဇာပါတာ ဒါမှမဟုတ် ပြောင်ရွေးချယတာမျိုး လုပ်ပါ။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords