သတို့သမီးလေးတို့ ရွေးချူယ်ရမယ့် အနောက်တိုင်းဝတ်စုံ(၃) မျိုး

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ပွဲထွက်တာကို အနောက်တိုင်းပုံစံလေး စီစဉ်ထားတယ်ဆိုရင် အနောက်တိုင်း ဝတ်စုံရွေးချယ်တာတွေ စရမှာပါ။ အနောက်တိုင်း ဝတ်စုံရွေးတဲ့အခါမှာလည်း ကျောပြောင်လေး ရွေးမလား၊ လက်ပြတ်ဒီဇိုင်းလေး ရွေးမလား အစရှိသလိုမျိုး ရွေးစရာတွေ အရမ်းများပါတယ်နော်။ သတို့သမီးလေးတို့ ရွေးချယ်ရမယ့် အနောက်တိုင်းဝတ်စုံတွေထဲကမှ ဒီဇိုင်း (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းပွင့်လေးတွေပါတဲ့ ဝတ်စုံဒီဇိုင်း

သတို့သမီးလေးတို့ရေ အနောက်တိုင်းဝတ်စုံကိုမှ ရင်ဘတ်အပြည့် ပန်းပွင့်သေးသေးလေးတွေ ပါတာ ကြိုက်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုးလေးတွေကို ရွေးချယ်သင့်ပါတယ်။ ရင်ဘတ်အပြည့် ပန်းပွင့်လေးတွေ ပါတာကြောင့် ရင်ဘတ်နေရာ အရမ်းဟိုက်တာမျိုး မဖြစ်လို့ သတို့သမီးလေးတို့ အရမ်းစိတ်ပူစရာ မလိုပါဘူး။ ရင်ပြတ်ထက်စာရင် လက်နားမှာ အထိန်းပုံစံ လက်လေးပါဝင်တာကြောင့် စိတ်ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ ရပါတယ်။

ပန်းပွင့်လေးတွေကြိုက်တဲ့သတို့သမီးလေးတွေအတွက်

ရင်ဘတ်အပြည့်ပန်းတွေစီခြယ်ထားတဲ့ဝတ်စုံ

နွယ်ပုံစံအတွန့်လေးတွေနဲ့ အနောက်တိုင်းဝတ်စုံ

သတို့သမီးလေးတို့ရေ ဒီမင်္ဂလာအနောက်တိုင်းဝတ်စုံမှာဆိုရင်တော့ ပုလဲလုံးအသေးလေးတွေနဲ့ အလှဆင်ထားတာ ဖြစ်ပြီး နွယ်ခွေပုံစံအလှလေးတွေကို ချည်ထိုးထားတာပါ။ ခံ့ညားတဲ့ ပုံသဏ္ဍန်ပါ။ ဒီဝတ်စုံလေး ရွေးချယ်မယ်ဆိုရင်တော့ သတို့သမီးလေးတို့ ကျော့ရှင်းလှပပြီး ကျက်သရေရှိနေမှာပါ။

လက်အကျလေးနဲ့ ဒီဇိုင်း

ရင်ဘတ်နေရာမှာ အနွယ်ခွေလေးပုံစံ

ဂါဝန်အပြည့်ချည်ထိုးထားတဲ့ဒီဇိုင်း

ဖြူလွလွ အနောက်တိုင်းဝတ်စုံ

သတို့သမီးလေးတို့ အဖြူရောင်ကို တခြားဘာအရောင်မှ မရောယှက်ဘဲ အဖြူရောင်မှာ ပုလဲအသေးလေး အဖြူရောင်လေးတွေ အပြည့်သုံးထားပြီး ယဉ်ယဉ်လေး လှနေစေမယ့် ဒီဇိုင်းအမျိုးအစားပါ။ ခန္ဓာကိုယ် သေးသွယ်တဲ့ သတို့သမီးလေးတွေအတွက် ပိုပြီးသင့်တော်တဲ့ ဝတ်စုံလေးပါ။

ပုလဲလုံးလေးတွေနဲ့အလှဖော်ထားတဲ့ အနောက်တိုင်းဝတ်စုံ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အနောက်တိုင်းဝတ်စုံနဲ့ ဆောင်မယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့ ဝတ်စုံလေးတွေကို ထည့်သွင်းစဉ်းစားရွေးချယ်ကြည့်ပါနော်။ သတို့သမီးလေးတို့ အရမ်းလှနေမှာ သေချာပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords