2018 မှာ လူကြိုက်များလာမယ့် မင်္ဂလာဝတ်စုံအရောင်လေးတွေများ

by: seng yar
 1 comments  0 love

Marry ပြောပြပေးထားတဲ့ မင်္ဂလာအရောင်လေးတွေကို ရွေးချယ်ပေးပြီး ၂၀၁၈ ရဲ့ မင်္ဂလာမောင်နှံလေးတိုင်း ဘဝရဲ့ အမှတ်တရနေ့လေးဖြစ်တဲ့ မင်္ဂလာပွဲနေ့လေးမှာ အလှဆုံး ဖြစ်နေပါစေ။

မင်္ဂလာအရောင်ဆိုတာကတော့ တစ်နှစ်နဲ့ တစ်နှစ် မတူညီပါဘူး။ နှစ်တစ်နှစ်မှာ လူကြိုက်များတဲ့ မင်္ဂလာအရောင်ဆိုတာက ခေတ်စားလာစမြဲပါ။ အခု ၂၀၁၈ မှာ ခေတ်စားပြီး လူကြိုက်များလာမယ့် မင်္ဂလာအရောင်လေးကို Marry က ပြောပြပေးလိုက်ရပါတယ်။ သတို့သမီးဝတ်စုံ ရွေးတော့မယ် ဆိုရင် သိထားရမယ့် အချက်လေးတွေကိုလည်း ပြောပြပေးထားပါတယ်။

အဝါရောင်

နွေးထွေးခြင်းတွေကို သယ်ဆောင်လာမယ့် အဝါရောင် (photo : pitchergifs )

အခုနောက်ပိုင်း လူတွေကြားမှာ အဝါရောင်က တစ်ကျော့ပြန် ခေတ်စားလာပါတယ်။ အဝါရောင်ဆိုတာကတော့ နွေးထွေးခြင်း၊ ချစ်စရာကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ မင်္ဂလာအရောင်လေးပဲ ဖြစ်ပါတယ်။ အဝါရောင်ကိုမှ ရွှေအိုရောင် အဝါမျိုးတို့ ပိတောက်ပန်းအရောင်လိုမျိုး အဝါရောင်လေးတို့ကတော့ ဒီနှစ်အတွက် ရွေးချယ်ချင်စရာ အကောင်းဆုံး အရောင်ပါ။ နွေးထွေးခြင်းတွေကို သယ်ဆောင်လာပေးမယ့် အဝါရောင် သတို့သမီးလေး ကိုလည်း ပြောပြထားပါတယ်။

သခွါးရောင်

အရောင်တောက်တောက်လေးတွေကို မနှစ်သက်ဘဲ အရောင် ကြည်ကြည်လေးတွေကို နှစ်သက်တဲ့ သူတွေ အတွက်ကတော့ သခွါးရောင်လေးကတော့ အလိုက်ဖက်ဆုံးပါ။ သခွါးရောင်ဆိုတာကတော့ အသားရောင်နဲ့ ပန်းနုရောင်ကြားက အရောင်လေးလို့ ဆိုရမှာပါ။ သခွါးရောင် သတို့သမီးလေးဝတ်စုံများကို ဖော်ပြထားတဲ့အတွက် Marry ရဲ့ သတို့သမီးလေးတို့ ပုံလေးတွေ ကြည့်ပြီး ရွေးချယ်လို့ ရပါတယ်နော်။

ပူရှိန်းရောင်

စိမ်းမြမြ ပူရှိန်းရောင်လေး (photo : pinterest )

Mint Color လို့ ဆိုတဲ့ အရောင်လေးကတော့ ပူရှိန်းရောင်လေးပါ။ ပူရှိန်းရောင်ဆိုတာကလည်း သခွါးရောင်လေးလို့ပဲ ကြည်လင်နေတဲ့အရောင် အမျိုးအစားထဲက အရောင် တစ်ရောင် ဖြစ်ပါတယ်။ စိမ်းပြာပြာနု အသွင်ဆောင်တဲ့ ပူရှိန်းရောင် ဝတ်စုံလေးများ အလှကို ပြောပြထားပါသေးတယ်။ တစ်နှစ်နဲ့ တစ်နှစ် မတူညီဘဲ ခေတ်စားလာတဲ့အရောင်တွေ အများကြီး ထဲက နှစ်သက်ရာ အရောင်ကို ရွေးချယ်လို့ ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

 

Marry ပြောပြပေးထားတဲ့ မင်္ဂလာအရောင်လေးတွေကို ရွေးချယ်ပေးပြီး 2018 ရဲ့ မင်္ဂလာမောင်နှံလေးတိုင်း ဘဝရဲ့ အမှတ်တရနေ့လေးဖြစ်တဲ့ မင်္ဂလာပွဲနေ့လေးမှာ အလှဆုံး ဖြစ်နေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords