ပန်းခင်းထဲရောက်နေတဲ့ ပန်းမင်းသမီးလေးလို ဖြစ်စေမယ့်ဝတ်စုံများ

by: seng yar
 2 comments  1 love

ပန်းကြိုက်တဲ့ သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံကို ရွေးချယ်တဲ့အချိန်မှာ ဘယ်လိုပုံစံလေး ရွေးချယ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို သိနိုင်ဖို့ ဝေမျှထားပါတယ်။

မိန်းကလေးတိုင်း နှစ်သက်တဲ့ ပန်းရောင်လေး

မင်္ဂလာပွဲလေးမှာ အလှဆုံး ဖြစ်နေစမယ့် မင်္ဂလာဝတ်စုံလေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီဝတ်စုံလေးတွေကတော့ ပန်းခင်းကြီးထဲ ရောက်နေတဲ့ ပန်းမင်းသမီးလေးလို ဖြစ်စေမယ့် ဝတ်စုံလေးတွေပဲ ဖြစ်ပါတယ်။ ပန်းအပွင့်လေးတွေလို ပွင့်လွှာလေးတွေလို အထပ်ထပ်လေးတွေ ဖြစ်နေတဲ့ မင်္ဂလာဝတ်စုံလေးများကို ဖော်ပြလိုက်ရပါတယ်။ စိမ်းပြာပြာနု အသွင်ဆောင်တဲ့ ပူရှိန်းရောင် ဝတ်စုံလေးများ ကိုလည်း ရွေးချယ်ပေးနိုင်ပါသေးတယ်။

သဘာဝ ဆန်တဲ့ အစိမ်းနုရောင်လေးကို အခြေခံထားပြီး ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတဲ့ ဝတ်စုံလေးနဲ့ ပန်းမင်းသမီးလေး အလှ

ပန်းပုံစံလေးပဲ ဝတ်စုံမှာ ပြုလုပ်ထားပြီး ဆံပင်အလှကို ပန်းပွင့်ကြီးတွေ ပန်ဆင်ပေးလိုက်နိုင်ပါတယ်

ဝတ်စုံ တစ်ခုလုံးမှာ ပန်းပွင့်လေးတွေ ကပ်ထားပြီး ပန်းဦးရစ်လေးလို ပန်ဆင်လိုက်ပါ

ပန်းတောထဲက ပန်းဘုရင်မကြီး အလား ထင်မှတ်စေမယ့် ပန်းရောင်စုံ ဝတ်စုံကြားက သတို့သမီးလေး

ဂျပန် မင်းသမီးလေးလို ပန်းရောင်နုနုလေးတွေကို အခြေခံထားတဲ့ ပန်းဝတ်စုံလေးနဲ့ ချစ်စရာ သတို့သမီးလေး

ခရမ်းရောင် အနု ဇာသားအပေါ်မှာ ခရမ်းရောင် အရင့် ပန်းပွင့်လေးတွေ စီခြယ်ထားတဲ့ ပန်းဝတ်စုံလေး

Marry ပြောပြပေးတဲ့  ပန်းခင်းထဲရောက်နေတဲ့ ပန်းမင်းသမီးလေးလို ဖြစ်စေမယ့်ဝတ်စုံများကို ကြည့်ရှုပေးပြီး ပန်းကြိုက်တဲ့ သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံကို ရွေးချယ်တဲ့အချိန်မှာ ဘယ်လိုပုံစံလေး ရွေးချယ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို သိနိုင်ပါစေလိုကြောင်း ဝေမျှပေးလိုက်ရပါတယ်။ ငွေနှင်းပွင့်လေးတွေ ပက်ဖြန်းထားတဲ့အလား ဖြူစင်လှပလွန်းတဲ့ သတို့သမီးဝတ်စုံလေး ကိုလည်း ဝေမျှထားပါတယ်နော်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords