သတို့သမီးလေးတို့ ကျက်သရေရှိရှိ လှပနေဖို့အတွက်

by: Nway Nway Aung
 0 comments  0 love

သတို့သမီးလေးကို ဘုရင်မတစ်ပါးရဲ့ ရုပ်ထုလို ခန့်ညားနေစေမယ့် ဝတ်စုံဒီဇိုင်းတွေမို့ ကျငက်သရေရှိတဲ့ အလှဘုရင်မအဖြစ် မော်ကြွားနိုင်မှာ အသေအချာပါပဲ

သတို့သမီးလေးတို့ ကျက်သရေ ရှိရှိ လှပနေဖို့ (Photo – Weddbook)

သတို့သမီးလေးတွေတိုင်းကတော့ မင်္ဂလာပွဲမှာ အလှဆုံး ဖြစ်ချင်ကြတာ သဘာဝပါပဲ။ အလှဆုံးလည်း ဖြစ်နေသင့်ပါတယ်။ အလှတွေ ဆိုတာကတော့ ချစ်ဖို့ကောင်းတဲ့ အလှ၊ ပေါ့ပါးတဲ့အလှ၊ သဘာဝ ဆန်တဲ့အလှ၊ တည်ငြိမ်တဲ့အလှ၊ ညှို့အားပြင်းတဲ့ အလှဆိုပြီး အလှအမျိုးမျိုး ရှိတယ်လေ။ Marry ကတော့ ကျက်သရေရှိရှိ လှပနိုင်မယ့် ဝတ်စုံလေးတွေ အကြောင်း ပြောပြပေးချင်တာပါ။

လည်ပိတ် လက်ရှည်

တကယ့်ကို ကျက်သရေရှိတဲ့ အလှတွေကို ပိုင်ဆိုင်နိုင်မှာပါ (Photo – EnglishTaobao.net)

လည်ပင်းကအပိတ်နဲ့  ဇာလက်ရှည်ဒီဇိုင်းလေးတွေကတော့  သတို့သမီးလေးကို လုံလုံခြုံခြုံလေးနဲ့ ခန့်ခန့်ထည်ထည်လေး လှပနေစေမှာပါ။ ဂါဝန်ပုံစံကိုလည်း မိန်းကလေးတိုင်း၊ ခန္ဓာကိုယ် အချိုးအစားတိုင်းနဲ့ လိုက်ဖက်တဲ့ empress gown ပုံစံလေး ရွေးချယ်မယ် ဆိုရင်တော့ တကယ့်ကို ကျက်သရေရှိတဲ့ အလှတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ဇာပါးလည်ပိတ်

ပခုံးတွေရဲ့ ထိပ်ကနေ လည်ပင်းပေါက်ကို ပိတ်ထားလို့ လုံလုံခြုံခြုံ ရှိတဲ့ ဒီဇိုင်းလို့ ပြောလို့ရတဲ့ ဒီလို ဝတ်စုံမျိုးကတော့  မင်္ဂလာဝတ်စုံအနေနဲ့ ရွေးချယ်လေ့ သိပ်မရှိတဲ့ အတွက်ကြောင့်လည်း အများနဲ့ မတူချင်တဲ့ သတို့သမီးလေးတွေအတွက်လည်း အဆင်ပြေပါတယ်။ ပြီးတော့ ဇာပါးတွေရဲ့ လုံခြုံမှုက ကျက်သရေရှိတဲ့ အလှတွေကို ယူတောင်လာပေးတာ မြငတွေ့ရတဲ့ အတိုင်းပါပဲ။

လည်ထောင်ဒီဇိုင်း

နောက်ဆုံး ဒီဇိုင်း တစ်မျိုးကတော့ လည်ထောင်ဒီဇိုင်းပါ။ ဝတ်ဆင်ထားတဲ့သူကို ဟန်ကြီးပန်ကြီး အသွင်သဏ္ဍန်ပေါ်လွင်စေတဲ့ အပြင် သတို့သမီးလေးကို ဘုရင်မတစ်ပါးရဲ့ ရုပ်ထုလို ခန့်ညားနေစေမယ့် ဝတ်စုံဒီဇိုင်းတွေမို့ ကျငက်သရေရှိတဲ့ အလှဘုရင်မအဖြစ် မော်ကြွားနိုင်မှာ အသေအချာပါပဲ။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords