စိမ်းပြာပြာနု အသွင်ဆောင်တဲ့ ပူရှိန်းရောင် ဝတ်စုံလေးများ

by: seng yar
 1 comments  0 love

ပူရှိန်းရောင်လေးကတော့ လင်းလင်းလေး ဖြစ်နေစေတဲ့အရောင်မျိုးလေးပဲ ဖြစ်တဲ့အတွက် အသားရောင်တိုင်းနဲ့ လိုက်ဖက်မှု ရှိတဲ့အရောင်လေးပါ။

နုရွ လှပလွန်းတဲ့ သတို့သမီးလေး အလှကို ဖြစ်ပေါ်စေမယ့် ဝတ်စုံလေး

မင်္ဂလာပွဲ အလယ်မှာ အလှတကာ့ အလှဆုံး သတို့သမီးလေး ဖြစ်နေစေဖို့ အတွက်ကတော့ တမူထူးခြားပြီး ဆန်းပြားလှပနေမှ ရမှာပါ။ သတို့သမီး ဝတ်စုံလေးတွေကိုတော့ ရိုရိုး ဒီဇိုင်းလေးတွေထဲကမှ အရောင်ဆန်းဆန်းလေးတွေကို Marry က ရွေးချယ် ဖော်ပြပေးလိုက်ရပါတယ်။ အခု ပြောပြပေးမယ့် အရောင်လေးတွေကတော့ ပူရှိန်းရောင်လေးတွေပဲ ဖြစ်ပါတယ်။

ပူရှိန်းရောင် ဖျော့ဖျော့လေးနဲ့ မိုးသားပြာနုလေး

အခုနောက်ပိုင်း ခေတ်စားလာတဲ့အရောင်လေးတွေကတော့ ပူရှိန်းရောင်လေးပါ

ပူရှိန်းရောင်လေးကတော့ လင်းတဲ့အရောင်မျိုးဖြစ်ပြီး တောက်တောက်ကြီး မဖြစ်နေပဲ လင်းလင်းလေး ဖြစ်နေစေတဲ့အရောင်မျိုးလေးပဲ ဖြစ်တဲ့အတွက် အသားရောင်တိုင်းနဲ့ လိုက်ဖက်မှု ရှိတဲ့အရောင်လေးပါ။

ပူရှန်းစိမ်းနုနုလေး

အရောင်လေးတွေထဲမှာ အစိမ်းရောင်လေး၊ အပြာရောင်၊ ခဲရောင်လေးတွေနဲ့ ပူရှိန်းရောင်လေးတွေကို တွဲဖက်လိုက်တဲ့

သတို့သမီး ဝတ်စုံလေးတွေကတော့ အလှဆုံး သတို့သမီးလေးကို ဖန်တီးပေးလိုက်နိုင်ပါတယ်။ ငွေနှင်းပွင့်လေးတွေ ပက်ဖြန်းထားတဲ့အလား ဖြူစင်လှပလွန်းတဲ့ သတို့သမီးဝတ်စုံလေး ကိုလည်း ပြောပြထားပါတယ်။

ခဲရောင်လေးနဲ့ တင့်တယ်နေတဲ့ သတို့သမီးလေး

သတို့သမီးလေးတွေတိုင်းနဲ့ လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေဆိုတာ ရှားပါတယ်။ သတို့သမီး အသားရောင်နဲ့လိုက်ပြီး ဝတ်စုံ အရောင်ကို ရွေးချယ်ပေးရပါတယ်။ ဒါပေမယ့် ပူရှိန်းရောင်လေးကတော့ အသားရောင်တိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်လေးပဲ ဖြစ်ပါတယ်။

အသားရောင်တိုင်းနဲ့ လိုက်ဖက်မှု ရှိတဲ့ ပူရှိန်းရောင်

သတို့သမီးလေးတိုင်းနဲ့ လိုက်ဖက်မယ့် ဝတ်စုံလေးဖြစ်တဲ့ ပူရှိန်းရောင် ဝတ်စုံလေးတွေကို Marry က ဝေမျှပေးလိုက်ရပါတယ်။ သတို့သမီးလေးတိုင်း မင်္ဂလာပွဲလေးမှာ အလှဆုံး ဖြစ်နေပါစေလို့ Marry က ဆုတောင်းပေးလိုက်ရပါတယ်နော်။ ၂၀၁၈ ရဲ့ မင်္ဂလာရောင် ဖြစ်လာမယ့် သခွါးရောင် သတို့သမီးလေးဝတ်စုံများကိုလည်း ဝေမျှပေးထားပါတယ်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Tag: colorfashionbeautyadvicebride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords