အနောက်တိုင်းဝတ်စုံဝတ်မယ့် သတို့သမီးလေးတွေ ပြင်ဆင်ထားသင့်တဲ့အရာ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေစေဖို့အတွက် အနောက်တိုင်းဝတ်စုံလေး ဝတ်ချင်တယ်ဆိုရင် ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။

 

အနောက်တိုင်းဝတ်စုံဝတ်တဲ့အခါ ကြိုတင်ပြင်ဆင်ထားရမှာတွေ ရှိပါတယ်

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ ထိုင်မသိမ်းလေးနဲ့ဆောင်မလား၊ အနောက်တိုင်းပုံစံလေး ဆောင်မလား။ ဘယ်ဝတ်စုံလေးနဲ့ပဲ ဆောင်ဆောင် သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ လှနေမှာ သေချာပါတယ်။ လှသထက် လှအောင်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားသင့်တာတွေ ရှိပါတယ်။ သတို့သမီးလေးတို့ ထိုင်မသိမ်းဝတ်စုံပဲဝတ်ဝတ်၊ အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ် ကြိုတင်ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ အနောက်တိုင်းဝတ်စုံဝတ်မယ့် သတို့သမီးလေးတွေ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေကို ပြောပြပေးမယ်နော်။

ဝတ်စုံဒီဇိုင်းကို သေချာရွေးပါ (photo: www.zw2.cn)

မျက်နှာ

အနောက်တိုင်း ဝတ်စုံဆိုတာက အမြဲတမ်း ဝတ်နေကျ ပုံစံမဟုတ်တဲ့အတွက် ပိုပြီး ပြင်ဆင်ရမှာပါ။ ဂါဝန်ကြီးတွေဆိုတာက သူများတွေရဲ့ ဝတ်စုံဖြစ်တာကြောင့် ကျောပြောင်လေးတွေ၊ ရင်ဟိုက်လေးတွေ ဖြစ်နေမှာပါ။ တချို့ သတို့သမီးလောင်းလေးတွေက ကျောပြောင်လေးတွေ ဖြစ်နေတာကြောင့် ဝတ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့ အနောက်တိုင်းဝတ်စုံ ဝတ်မယ်ဆိုရင် Cleansing ပိုလုပ်ဖို့ လိုပါတယ်။ Spa သွားတာတွေ လုပ်ပါ။ scrub လေးတွေ တတ်နိုင်သလောက် လုပ်ပါ။

ဆံပင်အရှည်လေးထားထားပါ (Photo: AsianWiki)

အသားအရေ

နောက်ထပ် သတိထားပြီး ပြင်ဆင်ရမယ့် အချက်ကတော့ သတို့သမီးလေးတွေရဲ့ အနောက်တိုင်းဝတ်စုံ တော်တော်များများက လက်ပြတ်အင်္ကျီဒီဇိုင်းလေးတွေ များပါတယ်။ ဒီတော့့ ချိုင်းသားလေးတွေကို အထူး ဂရုစိုက်ရပါမယ်။ ချိုင်းနေရာ မမည်းနေအောင် waxing လုပ်ရပါမယ်။ ဒါမှ ယုံကြည်မှုရှိရှိလေး အဆင်ပြေပြေ ဝတ်နိုင်မှာပါ။

ထိုင်မသိမ်းဝတ်မယ့် သတို့သမီးလေးတွေဆိုရင် လက်ကို အရမ်းဂရုစိုက်စရာ မလိုပါဘူး။ အင်္ကျီလက်ရှည်ဖြစ်တာကြောင့်ပါ။ အနောက်တိုင်းဂါဝန် ဝတ်မယ်ဆိုရင်တော့ လက်မောင်းတစ်ခုလုံးကို ဂရုစိုက်ရပါမယ်။ အများအားဖြင့် လက်တိုလေးတွေပဲ ဝတ်တယ်ဆိုရင် လက်မောင်းအရင်းဘက်နဲ့ လက်ဖျံနေရာမှာ အသားအရောင် မညီတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ လက်တစ်ခုလုံး အသားအရောင် ညီနေဖို့အတွက် skin care များများ လုပ်ရပါမယ်နော်။ ဒါမှ ဝတ်စုံဝတ်ရင် လှပတဲ့ သတို့သမီးလေးတစ်ဦး ဖြစ်နေမှာပါ။

ဆံပင်

သတို့သမီးလေးတို့ရေ အနောက်တိုင်း ဝတ်စုံဝတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ဆံပင်ရှည်လေ ကောင်းလေပါ။ ဆံပင်တိုမယ်ဆိုရင် ဝတ်စုံနဲ့ မလိုက်ဖက်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ နောက်တစ်ခုကတော့ ဆံပင်အရမ်းနက်မှောင်နေတာဆိုရင် မလိုက်ပါဘူး။ အရောင်တောက်တောက် မဆိုးဘူးဆိုရင်တောင် ကော်ဖီရောင်လို အရောင်ဖျော့ဖျော့လေးတော့ ဆိုးပါနော်။ ဆံပင်ကို wave လေးတွေနဲ့ အရမ်းလှစေချင်တယ်ဆိုရင်တော့ highlight ဖောက်လိုက်ပါ။ ဒါဆိုရင် မင်္ဂလာပွဲမှာ အရမ်းလှသွားမှာ သေချာပါတယ်နော်။

 

From Marry with


Comments

0 comments
Latest video