မင်္ဂလာဝတ်စုံလေးကို စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်

by: Nway Nway Aung
 0 comments  0 love

ဒီဇိုင်နာတွေက ဖက်ရှင်အမြင် ပိုရှိတာကြောင့် သတို့သမီးလေးတို့ကို ဘယ်လို ဝတ်စုံဆင်မြန်းပေးရင် လှသွားမလဲဆိုတာ ပိုသိနိုင်ပါတယ်။

မင်္ဂလာဝတ်စုံလေးကို စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်

Marry ရဲ့ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဝတ်စုံကို ချုပ်ပြီး ဝတ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် တတ်နိုင်သလောက် ကြိုတင်ပြီး ဝတ်စုံအတွက် စီစဉ်ထားသင့်ပါတယ်။ ကိုယ့် စိတ်ကူးအိပ်မက်နဲ့ တစ်ထပ်တည်းကျတဲ့ ဝတ်စုံကို ဝတ်ဆင်နိုင်ဖို့အတွက် ဝတ်စုံအတွက် သေချာအချိန်ပေးပြီး စီစဉ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဝတ်စုံကို ကိုယ့်အတွေး စိတ်ကူးနဲ့ ပေါင်းပြီး ဖန်တီးမယ့် သတို့သမီးလေးတို့ အနေနဲ့ ဝတ်စုံအတွက် ဘာတွေလိုအပ်တယ် ဆိုတဲ့အကြောင်း Marry က ပြောပြပေးချင်ပါတယ်။

ဒီဇိုင်နာ ရွေးချယ်ပါ

ချုပ်တဲ့ ဝတ်စုံ တစ်စုံရဲ့ အသက်က ဒီဇိုင်နာပဲနော်။ ဝတ်စုံကို ချုပ်ဖို့ စဉ်းစားထားတယ် ဆိုရင်တော့ အရင်ဆုံး ဘယ်ဒီဇိုင်နာဆီမှာ ကိုယ့်ရဲ့ မင်္ဂလာဝတ်စုံလေးကို အပ်နှံမလဲလို့ အရင်စဉ်းစားရမှာပါ။ ဒီဇိုင်နာတွေရဲ့ လက်ရာတွေနဲ့ ဝန်ဆောင်မှုတွေ ဖန်တီးမှုတွေကို အင်တာနက် စာမျက်နှာတွေ မှာ ရှာဖွေဖို့ လိုသလို ချုပ်ဖူးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို မေးမြန်း အကြံဉာဏ် တောင်းဖို့လည်း လိုအပ်ပါတယ်။

ဒီဇိုင်း စဉ်းစားပါ

အများစုကတော့ မင်္ဂလာ ဝတ်စုံလို့ ပြောလိုက်ရင် ဝတ်စုံ ဒီဇိုင်းကို အရင် စဉ်းစားတတ်ကြပါတယ်။ တကယ်တော့ ဒီဇိုင်နာကို ရွေးချယ်ပြီးမှ ဒီဇိုင်နာနဲ့ အတူ ဝတ်စုံ ဒီဇိုင်းကို စဉ်းစားတာက ပိုပြီး သင့်တော်ပါတယ်။ တစ်ခါ တစ်ရံမှာ သတို့သမီးလေးတွေ ကြိုက်နှစ်သက်တဲ့ ဝတ်စုံ ပုံစံမျိုးက သတို့သမီးတို့ရဲ့ ခန္ဓာကိုယ် အချိုးအစား၊ အရပ်အမောင်းတို့နဲ့ မလိုက်ဖက်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီဇိုင်နာတွေက ဖက်ရှင်အမြင် ပိုရှိတာကြောင့် သတို့သမီးလေးတို့ကို ဘယ်လို ဝတ်စုံဆင်မြန်းပေးရင် လှသွားမလဲဆိုတာ ပိုသိနိုင်ပါတယ်။ ဒါကြောင့် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးမှ ဝတ်စုံ ဒီဇိုင်းကို ရွေးပါနော်။

ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးမှ ဝတ်စုံ ဒီဇိုင်းကို ရွေးပါနော်

အချိန်ပေးပါ

ဝတ်စုံချုပ်ဖို့အတွက် အချိန်လုံလုံလောက်လောက် ပေးဖို့ လိုအပ်တာကြောင့်မို့ မင်္ဂလာပွဲနီးမှ ဝတ်စုံအပ်တာမျိုးကို မလုပ်သင့်ပါဘူး။ ကိုယ့်ဝတ်စုံမှာ အနုစိတ်တဲ့ ဖန်တီးမှုတွေ ပါနေဦးမယ်ဆိုရင် အချိန်ကို ပိုပြီး ကြိုပေးသင့်ပါတယ်။ မင်္ဂလာ ဝတ်စုံဆိုတာ စက်ရုံချုပ်အထည်တွေလို စက်ပေါ်တင်လိုက်ရုံနဲ့ အင်္ကျီ ဖြစ်သွားတာမျိုး မဟုတ်တာကို သတို့သမီးလေးတို့ မမေ့နဲ့နော်။

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords