အသည်းပုံ ရင်ဘတ်ပုံစံကြိုက်တဲ့ သတို့သမီးလေးတို့အတွက် (၂)

by: Nway Nway Aung
 1 comments  0 love

မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး မိန်းမသားဆန်တဲ့ အလှအပတွေကို ပိုမိုပေါ်လွင် ဝင့်ကြွားစေတာမို့ တော်တော်များများက ရွေးချယ်ကြတဲ့ ဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်

အသည်းပုံရင်ဘတ်ပုံစံကြိုက်တဲ့ သတို့သမီးလေးတို့အတွက် (Photo – onethreeonefour.com)

မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေထဲမှာ အသည်းပုံ ရင်ဘတ်ပုံစံကတော့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး မိန်းမသားဆန်တဲ့ အလှအပတွေကို ပိုမိုပေါ်လွင် ဝင့်ကြွားစေတာမို့ တော်တော်များများက ရွေးချယ်ကြတဲ့ ဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် သတို့သမီးလေးက နုနယ်ပျိုမျစ်တဲ့ ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အရွယ်လေးပဲ ဖြစ်ဖြစ် တည်ငြိမ်ရင့်ကျက်တဲ့ သုံးဆယ်ကျော် အရွယ်လေးပဲ ဖြစ်ဖြစ် အသည်းပုံရင်ဘတ်လိုင်း ဝတ်စုံလေးကို ရွေးချယ်မယ်ဆိုရင် လိုက်ဖက်နေမှာပါ။ ဒါကြောင့် Marry ရဲ့ သတို့သမီးလေးတို့လည်း အသည်းပုံရင်ဘတ်လိုင်းနဲ့ ဝတ်စုံတွေကို ရွေးချယ်မယ်ဆိုရင် စိတ်တိုင်းကျ ရွေးချယ်နိုင်ဖို့ အခုနောက်ပိုင်းမှာ လူကြိုက်များလာတဲ့ ဒီဇိုင်းလေးတွေကို စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

ရှေးရိုးအဆန်ဆုံး A- Line ပုံစံ ဂါဝန်လေး (Photo – onethreeonefour.com)

ရှေးရိုးအဆန်ဆုံး A- Line ပုံစံ ဂါဝန်လေးပါ။ ရင်ဘတ်လိုင်းကိုလည်း အရမ်းမနှိမ့်ထားတဲ့အတွက် ရင်ဘတ်ဟိုက်တဲ့ ဝတ်စုံတွေ ဝတ်ဖို့ မရဲတဲ့ သတို့သမီးလေးတို့အတွက် အဆင်ပြေပါတယ်။

ပိုးသားကို သုံးထားပြီး တဖြောင့်တည်းသွားတဲ့ ဂါဝန်ရှည်မျိုး (Photo – onethreeonefour.com)

ပိုးသားကို သုံးထားပြီး တဖြောင့်တည်းသွားတဲ့ ဂါဝန်ရှည်မျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအဆစ် လှပတဲ့ သတို့သမီးလေးတို့ ရွေးချယ်ရမယ့် ဒီဇိုင်းမျိုးပါ။ ပခုံးဖြောက်ထားတဲ့ လက်ဒီဇိုင်းက သတို့သမီးလေးရဲ့ လည်တိုင်နဲ့ ပခုံးသား အလှကို ပေါ်လွင်စေပြီး ဇာလက်ရှည်ဖြစ်တာကြောင့်လည်း ဝတ်ဆင်ထားသူကို လှပတဲ့ရုပ်တုတစ်ခုလို တင့်တယ်စေမှာပါ။

ခေတ်သစ် မင်္ဂလာဝတ်စုံတွေထဲက ထူးခြားတဲ့ ဒီဇိုင်း (Photo – onethreeonefour.com)

နောက်ဆုံးပေါ် ဒီဇိုင်းလို့ တင်စားလို့ရတဲ့ ဒီဒီဇိုင်းကတော့ အသည်းပုံ ကိုယ်ကျပ်ပေါ်မှာမှ တီရှပ်လက်ပြတ်လေး ထပ်ထားသလို ဒီဇိုင်းလေးပါ။ ခေတ်သစ် မင်္ဂလာဝတ်စုံတွေထဲက ထူးခြားတဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

ဂါဝန်ကိုတော့ အလိပ်အထပ်တွေ ဖြစ်အောင် ဖန်တီးထားတာမို့ တမူထူးခြားတဲ့ ဒီဇိုင်းလေး (Photo – onethreeonefour.com)

ကိုယ်ထည်ကတော့ ရိုးရှင်းတဲ့ ပုံစံလေး ဖြစ်ပေမယ့် ဂါဝန်ကိုတော့ အလိပ်အထပ်တွေ ဖြစ်အောင် ဖန်တီးထားတာမို့ တမူထူးခြားတဲ့ ဒီဇိုင်းလေး ဖြစ်ပါတယ်။

From Marry with

Tag: inspirationideafashionbeautyadvicebride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords