သတို့သမီးဝတ်စုံ ရွေးတော့မယ် ဆိုရင်

by: Nway Nway Aung
 0 comments  0 love

အလိုက်ဖက်ဆုံး ဝတ်စုံကို ရွေးချယ်ရမှာပါ။ အခြားသူတွေပြောတဲ့ အလှဆုံးမျိုးမဟုတ်ဘဲ ကိုယ်ဝတ်လိုက်တဲ့ ဝတ်စုံတွေထဲကမှ ကိုယ့်အတွက် အလှဆုံး ဝတ်စုံကို ရွေးရမှာပါ

အလှဆုံး မင်္ဂလာဝတ်စုံကို ရွေးချယ်နိုင်ဖို့ ( Photo -glance.com.my)

သတို့သမီးလေးတို့အတွက် အလှဆုံး မင်္ဂလာဝတ်စုံကို ရွေးချယ်နိုင်ဖို့ ဆိုတာ တခြားသော အရာတွေထက် ပိုပြီး အရေးကြီးတာမို့ Marry ရဲ့ သတို့သမီးလောင်းလေးတို့က မင်္ဂလာဝတ်စုံ သွားရွေးတော့မယ်ဆိုရင် Marry အခုပြောပြတဲ့ အချက်လေးတွေကိုသတိပြုကြပါနော်။

သက်တောင့် သက်သာ ဖြစ်မဖြစ် စမ်းဝတ်ကြည့်ပါ

စမ်းဝတ်ကြည့်ပါ( Photo – Wedding Guide )

မြန်မာထိုင်မသိမ်း ဝတ်စုံပဲ ဝတ်ဝတ်၊ အနောက်တိုင်း ဂါဝန်ပဲ ဝတ်ဝတ် သက်တောင့်သက်သာ ရှိနေဖို့ကို အဓိက ဦးစားပေးရပါမယ်။ သက်သောင့်သက်သာ မရှိတဲ့ ဝတ်စုံတွေကြောင့် ခန္ဓာကိုယ်နာကျင်တာ၊ စိတ်ကျဉ်းကျပ်တာတွေ ဖြစ်နေရင် သတို့သမီးလေးက ဘယ်လိုလုပ် လှလှပပလေး ပြုံးနိုင်ပါတော့မလဲ။ ကိုယ့်အလှကိုယ်ကို ယုံကြည်မှုရှိတဲ့ သတို့သမီးလေး ဖြစ်နေဖို့ သက်တောင့်သက်သာရှိတဲ့ ဝတ်စုံလေးကို ဝတ်ထားဖို့ လိုတာပေါ့။ ဒါကြောင့် မင်္ဂလာဝတ်စုံရွေးချယ်တဲ့ အခါ ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ်ဖို့လိုသလို ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိမရှိ သိနိုင်ဖို့အတွက် စမ်းဝတ်ကြည့်ဖို့ လိုတဲ့အပြင်  စမ်းဝတ်ကြည့်တဲ့အခါမှာလည်း  ကြာကြာလေး ဝတ်ကြည့်ဖို့လည်း လိုပါတယ်။

ကိုယ့်အတွက် အလှဆုံး ဝတ်စုံကို ရွေးချယ်ပါ

ကိုယ့်အတွက် အလှဆုံး ဝတ်စုံကို ရွေးချယ်ပါ (Photo – Expat Wedding Amsterdam)

လှပလွန်းတဲ့ ဝတ်စုံတွေမှာ လျှို့ဝှက်ချက် အများကြီး မရှိပါဘူး။ အဓိက ကျတဲ့ လျှို့ဝှက်ချက်က  တစ်ခုပဲ ရှိပါတယ်။ အဲ့ဒိလျှို့ဝှက်ချက်ကတော့ ဝတ်ဆင်ထားတဲ့သူနဲ့ လိုက်ဖက်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်ပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်မှု ရှိတဲ့ ဝတ်စုံကို ရွေးချယ် ဝတ်ဆင်နိုင်တာက အလှဆုံးဝတ်စုံကို ဝတ်ဆင်လိုက်နိုင်တာပါပဲ။ ဒါကြောင့် သတို့သမီးလောင်းလေးတွေ အနေနဲ့လည်း အလှဆုံး ဝတ်စုံ ဆိုတာထက် ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဝတ်စုံကို ရွေးချယ်ရမှာပါ။ အခြားသူတွေပြောတဲ့ အလှဆုံးမျိုးမဟုတ်ဘဲ ကိုယ်ဝတ်လိုက်တဲ့ ဝတ်စုံတွေထဲကမှ ကိုယ့်အတွက် အလှဆုံး ဝတ်စုံကို ရွေးရမှာပါ။

From Marry with


Comments

0 comments
Latest video