သတို့သမီးလောင်းလေးတို့အတွက် အဖြူရောင်အနောက်တိုင်းဂါဝန်ဒီဇိုင်းများ

by: Phyo Pyae Thu
 0 comments  0 love

ဘယ်လိုပုံစံလေးတွေကို ရွေးချယ်ကြမလဲ

သတို့သမီးလေးတို့ရေ အနောက်တိုင်းပုံစံလေး မင်္ဂလာဆောင်ပွဲ ကျင်းပမယ်လို့ တွေးထားလား၊ ဂါဝန်ကားကား ဖြူဖြူလေးနဲ့ ဆောင်မယ်လို့တွေးထားတဲ့ သတို့သမီးလေးတွေ အများကြီးပါနော်။ ဒီလိုဆိုရင်တော့ အနောက်တိုင်းဝတ်စုံဒီဇိုင်းလေးတွေ သိထားဖို့ လိုပါတယ်။

ရင်ပြတ်ဒီဇိုင်း

ရင်ပြတ်ဒီဇိုင်း

သတို့သမီးလေးတို့ အဖြူရောင်ဂါဝန်တွေထဲမှာ ဒီလို ရင်ပြတ်ပုံစံလေး ရွေးချယ်လို့ရပါတယ်။ ခန္ဓာကိုယ်ပြည့်တဲ့ သူတွေနဲ့ဆို ပိုပြီး လိုက်ဖက်မှာပါ။ ဂါဝန်အဖြူစပေါ်မှာလည်း နွယ်ပင်ပုံစံလေးနည်းနည်းပဲ ပါတာမို့ အရမ်းရှုပ်တာတွေ မကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။

လက်ရှည်အနောက်တိုင်းဂါဝန်

လက်ရှည်အနောက်တိုင်းဂါဝန် ( Photo: Bella Bridal Viet Nam)

သတို့သမီးလေးတို့ လက်ပြတ်မဝတ်ချင်ဘူးဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုးလေး ရွေးလို့ ရပါတယ်။ လက်ရှည်လေး ပါပြီး ရင်ဘတ်မှာလည်း Crystal လေးတွေနဲ့ အပြည့်ဆိုရင်တော့ ရင်ဘတ်မပေါ်ချင်တဲ့သူတွေအတွက် ရွေးချယ်လို့ အကောင်းဆုံး ဝတ်စုံလေး ဖြစ်မှာပါ။ ဝတ်စုံရဲ့ လည်ပင်းနေရာမှာ ပုလဲကြိုးတွေလည်း ပါတယ်ဆိုတော့ လက်ဝတ်လက်စားတွေတောင် မလိုတော့ပါဘူးနော်။

အနွယ်ခက်လေးနဲ့ အဖြူရောင်ဂါဝန်

နွယ်ခက်လေးနဲ့ အဖြူရောင်ဂါဝန် Photo: Bella Bridal Viet Nam

သတို့သမီးလေးတို့ ဖြူလွလွ ဂါဝန်လေးကိုမှ အနွယ်အခက် များတာလေး လိုချင်တယ်၊ လက်ရှည်လေးနဲ့ ရင်ပြတ်ပုံစံလေး ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းလေး ရွေးချယ်လို့ ရပါတယ်။ ခန္ဓာကိုယ်သေးသွယ်တဲ့ သတို့သမီးလေးတို့နဲ့ လိုက်ဖက်တဲ့ ပုံစံ ဖြစ်မှာ ဖြစ်တဲ့အပြင် ရင်ဘတ်နေရာမှာလည်း Crystal လေးတွေပါတာဆိုတော့ အရမ်းရိုးစင်းတာမျိုး မလိုချင်တဲ့ သတို့သမီးလေးတို့အတွက် လိုက်ဖက်တဲ့ ဝတ်စုံဖြစ်မှာ သေချာပါတယ်။

အပါးလွှားလေးနဲ့ ဂါဝန်လေး

အပါးလွှားလေးနဲ့ ဂါဝန်လေး (Photo: Bella Bridal Viet Nam)

Photo: Bella Bridal Viet Nam

သတို့သမီးလေးတို့ရေ အပါးလွှားလေးနဲ့ ဂါဝန်ဖြူလေးဆိုရင်တော့ ဒီလိုပုံစံလေး ရွေးချယ်လို့ ရပါတယ်နော်။ သတို့သမီးလေးတို့ နောက်ကျောပြင်လေးလည်း ပေါ်နေမှာဆိုတော့ လှပြီးရင်း လှပါပဲနော်။

Photo: Bella Bridal Viet Nam

From Marry with


Comments

0 comments
Latest video