အဖြူရောင်နတ်သမီးလေးလို ဖြစ်စေမယ့် ဝတ်စုံအလှ

by: Editor
 0 comments  0 love

အကောင်းဆုံးဝတ်စုံဆိုတာ သူ့ချည်းလည်း လှနေရမှာ ဖြစ်သလို ဝတ်ဆင်လိုက်တဲ့အချိန်မှာလည်း ဝတ်ဆင်တဲ့သူရဲ့ အလှနဲ့ အလိုက်ဖက်ဆုံး ပံ့ပိုးပေးနိုင်တာမျိုးပဲ ဖြစ်နေရမှာပါ။

အဖြူရောင် နတ်သမီးလေး (Photo:praisewedding)

မင်္ဂလာပွဲလေးဆိုတာ တစ်သက်မှာ တစ်ကြိမ်သာ ပြုလုပ်တဲ့ပွဲလေး ဖြစ်သလို မင်္ဂလာပွဲလာ လူတွေ အများကြီး အထဲမှာမှ အဖြူရောင်နတ်သမီလေးလို ဖြစ်စေမယ့်ဝတ်စုံလေးအလှကို Marry က ပြန်လည်ဝေမျှပေးလိုက်ချင်ပါတယ်။ အဖြူရောင်ဆိုတာကတော့ မင်္ဂလာအရောင်တွေ အများကြီး ရှိတဲ့အထဲက လူရွေးများပြီး လူကြိုက်များတဲ့အရောင်လည်း ဖြစ်ပါတယ်။ အဖြူရောင်ဝတ်စုံဝတ်မယ်ဆို မိတ်ကပ်ကို ဘယ်လို ပြင်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုလည်း ပြောပြပေးထားတယ်နော်။

သက်ရှိ ပန်းပွင့်ကြီးလို

ပန်းပွင့်လေးအလား ထင်မှားစေမယ့် ဝတ်စုံလေး (Photo:praisewedding)

ပန်းဆိုတာတော့ နူးညံ့ခြင်းတွေ ပြည့်နေတဲ့အရာလေးပါ။ ဒီအထဲကမှ ပန်းကလေးလို ပြုလုပ်ထားတဲ့ဝတ်စုံလေးကတော့ သက်ရှိပန်းပွင့်ကြီးလို မြင်တဲ့သူတိုင်းကို အသက်ရှုမှားမတတ် ခံစားစေနိုင်မယ့်ပုံစံလေးပဲ ဖြစ်ပါတယ်။ အောက်ခြေ အလွှာလေးကိုမှ ပြန့်ကျတဲ့ပုံစံလေး ဖြစ်နေတာမျိုးကို ရွေးချယ်လိုက်တာကတော့ သတို့သမီးလေး အလှကို ပိုတိုးစေနိုင်ပါတယ်။

ပျိုရွယ်တဲ့အလှတရားကို ပံ့ပိုးပေးနိုင်တဲ့ပုံစံ

မင်္ဂလာပွဲမှာဆိုရင် သတို့သမီးလေးက အလှဆုံး မင်းသမီးလေးပါပဲ။ ပင်တိုင်မင်းသမီးလည်း သူပါပဲ။ ဒီလိုတွေ ဖြစ်နေဖို့ အတွက်ကတော့ ဝတ်စုံဆိုတာက သတို့သမီးလေးရဲ့ အလှကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့်ပုံစံလေး ဖြစ်နေတာကို ရွေးချယ်တတ်မှ ဖြစ်မှာပါ။ အကောင်းဆုံးဝတ်စုံဆိုတာ သူ့ချည်းလည်း လှနေရမှာ ဖြစ်သလို ဝတ်ဆင်လိုက်တဲ့အချိန်မှာလည်း ဝတ်ဆင်တဲ့သူရဲ့ အလှနဲ့ အလိုက်ဖက်ဆုံး ပံ့ပိုးပေးနိုင်တာမျိုးပဲ ဖြစ်နေရမှာ မို့လို့ပါ။

နွေးထွေးတဲ့အဝါရောင်ကိုလည်း ရောစပ်လိုက်ပါ (Photo:praisewedding)

အဖြူရောင်တောက်ပနေတဲ့ သတို့သမီးဝတ်စုံလေးများ ကိုလည်း ရွေးချယ်လိုက်နိုင်ဖို့ ဖော်ပြထားပါတယ်နော်။ အဖြူရောင် သတို့သမီးလေး အလှကို ဖော်ထုတ်ပြနိုင်ဖို့ အတွက် Marry ကနေ အဖြူရောင် သတို့သမီးလေး ဝတ်စုံနဲ့ အဖြူရောင်နတ်သမီးလေးလို ဖြစ်စေမယ့် ဝတ်စုံအလှကို ဖော်ပြလိုက်ရပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords